Connect with us

Local

ရိုးရှင်းလွယ်ကူသော လုပ်ထုံးလုပ်နည်းများဖြင့် အရင်းအနှီးများကို ဆွဲဆောင်ရန် ဝန်ကြီးပြော

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ့ သတ္တုကဏ္ဍတွင်း ရင်းနှီးမြှုပ်နှံသူများ ပိုမို စိတ်ဝင်စားလာစေရေးအတွက် သတ္တုလုပ်ငန်းဆိုင်ရာ ဥပဒေ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများအား ဖြစ်နိုင်သမျှ ရိုးရှင်း လွယ်ကူရမည်ဟု သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောခဲ့ သည်။

“သတ္တုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမို ဆွဲဆောင်နိုင်ဖို့က ဥပဒေ နည်းဥပဒေနဲ့လုပ်ထုံး လုပ်နည်း တွေကို ဖြစ်နိုင်သမျှ ရိုးရှင်း လွယ်ကူနေဖို့လိုအပ်တယ်ဆိုတာကို ကျွန်တော် အလေးအနက်ထား ပြောကြားလိုပါတယ်” ဟု နေပြည်တော် Grand Amara Hotel တွင် ယနေ့နံနက် ကျင်းပသည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ သတ္တုတွင်း ဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ Federal Institution for Geosciences and Natural Resources (BGR) တို့ နည်း ပညာပိုင်း ပူးပေါင်း ဆောင်ရွက်ကြသည့် project ကို ပြန်လည် ဆန်းစစ်ခြင်း၊ ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲခြင်း ဆိုင်ရာ Work shop ၌ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

သတ္တုကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး မီဒီယာကို ဖြေကြားစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

သတ္တုတွင်း နည်းဥပဒေများနှင့် ပတ်သက်ပြီး သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက “၁၉၉၄ – ၉၅ က သတ္တုတွင်း ဥပဒေ နည်းဥပဒေတွေကို လက်ရှိ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်နေပါတယ်၊ ၂၀၁၅ မှာ သတ္တုတွင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ပြီးသွားပါပြီ၊ အဲဒီ ပြင်ဆင်ထားပြီးတဲ့ ဥပဒေနဲ့လိုက်လျောညီထွေဖြစ်မယ့် နည်းဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေ ရလာဖို့ကို ဆက်လက်ပြီး ဆောင်ရွက်နေပါတယ် မကြာခင်ကာလအတွင်းမှာ နည်းဥပဒေတွေ ထွက်လာပါမယ်၊ ပြုပြင် ပြောင်းလဲမှုတွေ အများကြီး ဆောင်ရွက်ထားပါတယ်” ဟု အလုပ်ရုံ ဆွေးနွေးပွဲ ခေတ္တနားချိန်တွင် မီဒီယာသို့ ဖြေကြားခဲ့သည်။

“ သတ္တုကဏ္ဍမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေ တော်တော်များများ ရှိလာပါပြီ၊ လာပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေလည်း ရှိသလို ထပ်ပြီး ကမ်းလှမ်းလာတဲ့ ကုမ္ပဏီတွေလည်း ရှိနေပါတယ်” ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

ထို့အပြင် ၎င်းက “နည်းပညာပိုင်းမှာ လေ့ကျင့်ပေးမယ့် ဝန်ထမ်းအင်အားကို တိုးချဲ့သွားဖို့ဆောင် ရွက်နေပါတယ်၊ လက်ရှိမှာတော့ BGR ရဲ့ နည်းပညာ အကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရှမ်းပြည်နယ်မှာ လုပ်နေပါတယ်၊ လာမယ့် နောက်နှစ်နှစ် အစီအစဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး တို့မှာပါ ဆောင်ရွက်သွားဖို့ ရည်မှန်း ထားပါတယ်” ဟု ပြောသည်။

ဇန်နဝါရီ ၂၄ မှ ၂၅ ရက်ထိ နှစ်ရက်တိုင် ပြုလုပ်မည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂျာမနီနိုင်ငံ BGR , UNDP, UNEP နှင့် PEI တို့မှ အာရှဆိုင်ရာ အကြီးအကဲများ၊ ဌာနေ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.