Connect with us

Economy

B&R Forum) စပိန်နှင့် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် သမ္မတရှီ မျှော်မှန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Mariano Rojoy (ဝဲ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ နှင့် စပိန်နိုင်ငံတို့သည် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု မူဘောင်အောက်တွင် win-win အောင်မြင်မှုရလဒ်များ နှင့် ဘုံအကျိုးအမြတ်များ ရရှိစေရန် ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားသင့်ကြောင်း မေ ၁၃ ရက်က ပြောကြားခဲ့သည်။

ရှီက စပိန်နိုင်ငံသည် ၎င်း၏ အထူးကောင်းမွန်သော ပထဝီမြေအနေအထားအရ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု ၌ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်နိုင်ကြောင်း မေ ၁၄ ရက်တွင် စတင်ကျင်းပသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် ပေကျင်းသို့ ၂ရက်ခရီးစဉ် ရောက်ရှိလာသည့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Mariano Rojoy နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်း က တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် Yiwuမြို့မှ စပိန်နိုင်ငံ Madrid မြို့သို့ ဆက်သွယ်ထားသော တရုတ်-ဥရောပ ကုန်တင်ရထားသည် ဥရောပအာရှ ဆက်သွယ်မှုအတွက် အရေးကြီးသော ပေါင်းကူးတံတားတစ်ခုဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး၏ ပထမဆုံးသော ရလဒ်များအနက် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Rojoy က စပိန်-တရုတ် ဆက်ဆံရေး သည် အဆင့်မြင့်ကဏ္ဍများ ဖလှယ်မှု၊ စီးပွားရေး အကျိုးအမြတ်များရရှိမှု နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့အား ကောင်းမွန်သော အခိုက်အတန့်၌ ထိန်းသိမ်းပေးထားကြောင်း ပြောကြားခဲ့သည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှုအား အထူးကျေးဇူးတင်ပါကြောင်း၊ ယင်းအစပျိုးမှုသည် ဒေသတွင်းစီးပွားရေး နှင့် ပိုးလမ်းမကြီးတစ်လျှောက်ရှိ ယဉ်ကျေးမှုဖလှယ်ခြင်းများတွင် အရေးကြီးသည့် အကျိုးသက်ရောက်မှုများရရှိစေကြောင်း နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အတွက် ကဏ္ဍသစ်များကိုလည်း ဖြည့်ဆည်းပေးပါကြောင်း ပြောကြားခဲ့သည်။

Rojoy က စပိန်နိုင်ငံသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံ၊ နှင့် ပြည်သူအချင်းချင်းဖလှယ်မှုများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးကို လိုလားပါကြောင်း နှင့် ဥရောပ-တရုတ် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာရေးအတွက်လည်း တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပိန်ဝန်ကြီးချုပ် Rajoy သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့်လည်း မေလ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်ဖက်ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် နှင့် ဟန်ချက်ညီသော ကုန်သွယ်ရေးကြီးထွားမှု တစ်ခုအား အဆင့်မြှင့်သွားရန် ချိတ်ဆက်၍ အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ (Xinhua)