Connect with us

Economy

၂၀၁၉ ခုနှစ် ပထမ ၁၀ လတာအတွင်း တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးမှာ ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးလာ

၂၀၁၉ ခုနှစ် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးဆိုင်ရာ တရုတ် နိုင်ငံတကာကုန်စည်ပြပွဲရှိ ပြခန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်မှုသည် ယခုနှစ် ပထမ ၁၀ လတာအတွင်း စုစုပေါင်း ယွမ် ၄ ဒသမ ၄၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၂၉ ဒသမ ၈ ဘီလီယံခန့်) ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာန (MOC) က ဒီဇင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။

ဝန်ဆောင်မှုလုပ်ငန်း ပို့ကုန်မှာ ၂၀၁၈ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ယွမ် ၁ ဒသမ ၅၈ ထရီလီယံရှိခဲ့ကြောင်း၊ သွင်းကုန်မှာမူ ၂ ဒသမ ၈၆ ထရီလီယံ ရှိခဲ့ကာ ၀ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း MOC က ပြောခဲ့သည်။

ထို့ပြင် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးကွာဟချက်မှာ ယင်းကာလအတွင်း ၁ ဒသမ ၂၈ ထရီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။

ကုန်စည်ကုန်သွယ်ရေးနှင့် ခြားနားလျက် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုသည်မှာ ကိုင်တွယ်၍မရနိုင်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကြော်ငြာလုပ်ငန်း၊ တွက်ချက်မှုလုပ်ငန်းနှင့် စာရင်းအင်းလုပ်ငန်းများကို ရည်ညွှန်းထားကြောင်း သိရသည်။ (Xinhua)