Connect with us

Economy

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နယ်စပ်ဖြတ်ကျော် တံတားသစ် ဖွင့်လှစ်

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ချိတ်ဆက်ထားသည့် Beilun II တံတားအား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တုံရှင်းမြို့နှင့် ဗီယက်နမ်နိုင်ငံ မုံချိုင့်မြို့တို့အား ချိတ်ဆက်ထားသော နယ်စပ်ဖြတ်ကျော် တံတားသစ်အား မတ်လ ၁၉ ရက်က တရားဝင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

၂၇.၇ မီတာကျယ်ဝန်းသော Beilun II တံတားတွင် အဓိကယာဉ်ကြော လေးခုနှင့် အရန်ယာဉ်ကြော နှစ်ခုစီပါဝင်သည်။

အဆိုပါ တံတားအား ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးခဲ့ကာ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၂၂၀ (အမေရိကန်ဒေါ်လာ ၃၂.၇ သန်း) ပါဝင်ကြောင်း သိရသည်။

ယင်းတံတားသည် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများအတွက် စောင့်ဆိုင်းချိန် လျော့ကျစေမည်ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအောက်တွင် နယ်စပ် ထောက်ပံ့သယ်ပို့ရေးနှင့် ကုန်သွယ်ရေး တိုးမြှင့််ခြင်းနှင့် ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း တုံရှင်းအကောက်ခွန် ညွှန်ကြားရေးမှူး ဟွမ်ရှုံ့က ပြောခဲ့သည်။

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မုံချိုင့်မြို့နှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး Beilun မြစ်ပိုင်းခြားထားခြင်းဖြစ်ကာ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား အရေးပါသော ကုန်စည်လမ်းကြောင်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် တုံရှင်းနှင့် ဗီယက်နမ်အကြား ကုန်သွယ်မှုမှာ ယွမ် ၂၄.၄၅ ဘီလီယံရှိခဲ့ကြောင်း၊ တုံရှင်းဆိပ်ကမ်းက ယာဉ် ၄၇,၀၀၀ စီးနှင့် ခရီးသည် ၁၂ သန်းခန့် လက်ခံနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)