Connect with us

Economy

တရုတ်နိုင်ငံသားအားလုံး၏ ဘဏ်ကတ်ပိုင်ဆိုင်မှုသည် ကတ်ပေါင်း ၇.၆ဘီလီယံနီးပါးရှိ

တရုတ်နိုင်ငံ၌ ဘဏ်ကတ်တစ်ခုအား ဘဏ်ဝန်ထမ်းတစ်ဦးမှ မိတ်ဆက်ပေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသားတစ်ဦးချင်းစီသည် ပျမ်းမျှအားဖြင့် ၂၀၁၈ခုနှစ်အကုန်တွင် ဘဏ်ကတ် ၅ကတ်ကျော် ကိုင်ဆောင်ထားပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ မှ လူအများအပြားသည် ငွေစက္ကူဖြင့် လဲလှယ်သုံးစွဲမှုမှ ကတ်စနစ်သို့ ပြောင်းလဲသုံးစွဲလာကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတစ်ခုအရသိရသည်။

တရုတ်နိုင်ငံ ပြည်သူ့ဘဏ် (PBOC) က ၂၀၁၈ခုနှစ် အကုန်တွင် စုစုပေါင်း ဘဏ်ကတ်အသုံးပြုမှုသည် ၇.၆၀ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၃.၅၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံ၏ ဘဏ်စနစ်ဖြင့် ငွေပေးချေမှုဝန်ဆောင်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်ခု၌ပြောကြားခဲ့သည်။

၂၀၁၈ခုနှစ်တွင် တရုတ်ယွမ် ၃,၇၆၈.၆၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၆၂ထရီလီယံဒေါ်လာခန့်) တန်ဖိုးရှိသည့် စုစုပေါင်း ငွေကြေးလွှဲပြောင်းမှု အကြိမ်ရေ ၂၂၀.၃၁ ဘီလီယံ ကို ဘဏ်ကတ်ကဲ့သို့သော် ငွေစက္ကူမဟုတ်သည့် ငွေပေးချေသည့် ကိရိယာများအသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘဏ်ကတ်အသုံးပြုမှုများအကြား အကြွေးဝယ်ကဒ်အသုံးပြုမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ၁၃.၂ရာခိုင်နှုန်းတိုးတက်လာကာ အရေအတွက် ၆.၉၁ဘီလီယံ အထိ တိုးတက်လာကြောင်း သိရသည်။

PBOC မှ အချက်အလက်များအရ ဘဏ်ကတ်တစ်ခု၌ ပျမ်းမျှငွေကြေးသုံးစွဲမှုသည် တရုတ်ယွမ် ၁၂,၂၀၀ ယွမ် အထိရှိလာပြီး ၂၀၁၇ခုနှစ်ထက် ၁၉.၀၆ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။ (Xinhua)