Connect with us

Economy

ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းဟာ ကမ္ဘာ့စီးပွားရေး ပိုမိုကောင်းမွန်စေရန် အတွက် တွန်းအားပေး နိုင်ကြောင်း “BRICS” ကို ဖော်ဆောင်ရန် အကြံပြုခဲ့သူက ပြောကြား

ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း မြေပုံအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

“BRICS” အဖွဲ့အစည်း ဖွဲ့စည်းရန် ကို ပထမ ဦးဆုံး အကြံပေး ခဲ့သူ Jim O’Neil က တရုတ် နိုင်ငံ မှ ဖော်ဆောင်နေသည့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း သည် ကမ္ဘာ့စီးပွားရေး ပိုမိုကောင်းမွန်စေရန် အတွက် တွန်းအားပေး နိုင်ကြောင်း ပြောကြား ခဲ့သည်။

Jim O’Neil မှ ဆင်ဟွာ သတင်းဌာန ၏ သီးသန့် တွေ့ဆုံမေးမြန်းမှု ကို လက်ခံဖြေကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုသည် လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များ၏ အနာဂတ် စီးပွားရေး အလားအလာ ကို ပိုမိုကောင်းမွန်စေမည် ဖြစ်ပြီး တ ရုတ် နိုင်ငံ နှင့် အခြား နိုင်ငံပေါင်းများစွာ အတွက် ကုန်သွယ်မှု ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Jim O’Neil က နောက်ဆုံးရရှိထားသည့် စာရင်းပြုစုချက်များအရ တရုတ် နိုင်ငံ သည် ဥရောပ နိုင်ငံများ၏ ဦးစားပေး ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ သည် တရုတ် နိုင်ငံ နှင့် ကုန်သွယ်မှု ပိုင်းဆိုင်ရာ တွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ခန့်မှန်းကြောင်း ၊ တရုတ် နိုင်ငံ ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်လာသောကြောင့် တရုတ် နိုင်ငံ သည် အမေရိကန် နိုင်ငံ ၏ အဆင့်မြင့် ကုန်ပစ္စည်းများ အတွက် အကောင်းမွန်ဆုံးသော ဈေးကွက် ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Jim O’Neil က ကမ္ဘာ့လုံးဆိုင်ရာ ကိစ္စရပ်များအား စီမံဆောင်ရွက်ခြင်းသည် “BRICS” နိုင်ငံများ၏ အရေးပါသော ဆောင်ရွက်မှု ခေါင်းစဉ်တစ်ခုဖြစ်ပြီး “BRICS” အနေဖြင့် ကမ္ဘာပေါ်တွင် သြဇာသက်ရောက်မှု ပိုမိုကြီးမားစေလိုကြောင်း ပြောကြား ခဲ့သည်။

Jim O’Neil သည် Goldman Sachs ကုမ္ပဏီ ၏ ထိပ်တန်း စီးပွားရေး ပညာရှင် နှင့် ကုမ္ပဏီ ဥက္ကဋ္ဌ တာဝန် တို့ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၁ ခုနှစ်က “BRICS” အဖွဲ့အစည်း ကို တည်ထောင်ရန် အကြံပြုခဲ့သူ ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.