Connect with us

Economy

တရုတ်နိုင်ငံ၏ ဒုတိယအကြိမ်မြောက် CIIE တွင် ကုမ္ပဏီပေါင်း ၅၀၀ ကျော် တက်ရောက်မည်

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ၏ လာဘ်ကောင် ပန်ဒါရုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo) အား ယခုနှစ် နိုဝင်ဘာလအစောပိုင်းတွင် ကျင်းပရန်စီစဉ်ထားပြီး ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း ၅၀၀ ကျော် တက်ရောက်ရန် အတည်ပြုထားကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇန်နဝါရီလ ၁၈ ရက်၌ ပြောကြားခဲ့သည်။

Fortune Global 500 စာရင်းဝင် ကုမ္ပဏီများနှင့် စက်မှုလုပ်ငန်းမျိုးစုံမှ ဦးဆောင်လုပ်ငန်း ၇၀ ကျော်အပါအဝင် နိုင်ငံနှင့် ဒေသ ၄၀ ကျော်မှ ကုမ္ပဏီများ ပါဝင်မည် ဖြစ်ကြောင်း CIIE ဗျူရို ကျိုးလင်ယန် (Zhou Lingyan) က ပြောကြားခဲ့သည်။

ပထမအကြိမ် ပြုလုပ်ခဲ့သည့် CIIE တွင် ပါဝင်ခဲ့သော ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းခန့်လည်း ယခုနှစ် ပြပွဲတွင် ပါဝင်ပြသဦးမည်ဖြစ်ကြောင်း ကျိုးက ဆိုသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် CIIE ပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၇၂ ခု ပါဝင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းပေါင်း ၃၆၀၀ ကျော် ပါဝင်ပြသခဲ့ကြသည်။ အဆိုပါ ပြပွဲသည် ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့် သွင်းကုန်ရည်ရွယ်ကာ ပြုလုပ်သည့် ပြပွဲတစ်ခု ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.