Connect with us

Economy

တရုတ် နိုင်ငံ၏ ကလေး ကစားစရာ ပစ္စည်းများ ပြည်ပ တင်ပို့မှု ဇန်နဝါရီလမှ ဩဂုတ်လ အထိ ၁၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ၌ ယခုနှစ် မေလအတွင်း ပြုလုပ်ခဲ့သော ပြပွဲ တစ်ခုတွင် ဘောလုံးဂိမ်း ကစားနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ယခုနှစ် ပထမ ရှစ်လ အတွင်း အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၅၂ ဘီလီယံ တန်ဖိုးရှိ ကလေး ကစားစရာ ပစ္စည်းများအား ပြည်ပသို့ တင်ပို့ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၁၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရှန်ဟိုင်းမြို့၌ ပြုလုပ်နေသည့် China Kids Expo တွင် တရုတ် ကလေး ကစားစရာ နှင့် ကလေးသူငယ်သုံး ထုတ်ကုန်များ အသင်းက ပြောကြားခဲ့သည်။

ကလေး ကစားစရာ ပစ္စည်းများ ပြည်ပ တင်ပို့မှုများတွင် မွေးပွ တိရစ္ဆာန်ရုပ်များ ၊ လူပုံသဏ္ဍာန် အရုပ်များ ၊ ပညာရေး ဆိုင်ရာ ကစားစရာ ပစ္စည်းများ ၊ တွန်းလှည်း ၊ ဂိမ်းစက်များနှင့် ခရစ်စမတ် ထုတ်ကုန်များ ပါဝင်ကြောင်း အသင်းထံမှ သိရသည်။

တရုတ် နိုင်ငံ ကလေး ကစားစရာ လုပ်ငန်း၏ စွမ်းဆောင်နိုင်ရည်မှာ တိုးတက်မှုနှုန်း ဆယ်ဂဏန်း အထိ ရောက်ရှိ လာပြီဟု ပြသနေကြောင်း အသင်း၏ ဉက္ကဋ္ဌ Liang Mei က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ သိပ္ပံနည်းကျ ဆန်းသစ် တီထွင်မှုများက ကစားစရာ လုပ်ငန်း ပြုပြင်ပြောင်းလဲမှုကို အဆင့် မြှင့်တင် ပေးခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ ဈေးကွက်တွင် တရုတ်နိုင်ငံထုတ် ကစားစရာ ပစ္စည်းများ၏ ယှဉ်ပြိုင်စွမ်းကို တိုးတက်စေကြောင်း ဉက္ကဋ္ဌ Liang Mei က ပြောကြားခဲ့သည်။ 

တရုတ် နိုင်ငံ နှင့် ဒေသ နိုင်ငံ ၃၀ ကျော်မှ ကစားစရာ လုပ်ငန်းများက ထုတ်ကုန်သစ် တစ်သိန်းကျော်အား အောက်တိုဘာ ၁၆ ရက်တွင် ဖွင့်လှစ်ခဲ့သော သုံးရက်ကြာ ပြုလုပ်မည့် China Kids Expo ပြပွဲတွင် ပြသထားကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.