Connect with us

Economy

ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ ဂျီဒီပီ ၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံရှိ ကားထုတ်လုပ်ရေးစက်ရုံ လုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဂျီဒီပီ (GDP) သည် ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း ၂၀၁၈ ခုနှစ်ကထက် ၆.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ် ၆၉ ဒသမ ၇၈ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၇ ထရီလီယံ) ရှိခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်တွင် အမျိုးသား စာရင်းအင်းဗျူရို (NBS) ၏ အချက်အလက်အရ သိရသည်။

ယင်းသို့ တိုးတက်မှုသည် ၂၀၁၉ ခုနှစ်အတွက် ၆ မှ ၆ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရမည်ဟူသော အစိုးရ၏ နှစ်ပတ်လည် ရည်မှန်းချက်အတွင်း ဝင်ရောက်ခဲ့သည်။

တရုတ်နိုင်ငံသည် ကမာ္ဘ့စီးပွားရေး တိုးတက်မှုနှေးကွေးခြင်းနှင့် ပြင်ပ မသေချာခြင်းများကို ရင်ဆိုင်ခဲ့ရသော်လည်း ခြုံငုံကြည့်ပါက စီးပွားရေးအား တည်ငြိမ်စွာ ထိန်းထားနိုင်ခဲ့ကြောင်း စာရင်းအင်းဆိုင်ရာ အာဏာပိုင်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

အချက်အလက် ဖော်ပြထားချက်အရ ဝန်ဆောင်မှုကဏ္ဍမှပမာဏမှာ စုစုပေါင်း ဂျီဒီပီ၏ ၅၄ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ပထမကိုးလ၌ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၂ ဒသမ ၉ ရာခိုင်နှုန်းရှိသော ပင်မလုပ်ငန်းနှင့် ၅ ဒသမ ၆ ရှိသော ဒုတိယလုပ်ငန်းများအား ကျော်တက်သွားခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.