Connect with us

Economy

လန်ဒန်သို့ ပထမဆုံး တိုက်ရိုက် ကုန်တင် ရထား တရုတ် ဖွင့်လှစ်

လန်ဒန်-တရုတ် တိုက်ရိုက် ကုန်တင်ရထား ဖွင့်လှစ်ပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လန်ဒန်သို့ တိုက်ရိုက် ပြေးဆွဲမည့် ပထမဆုံး ကုန်တင် ရထားကို ဇန်နဝါရီလ ၁ ရက်တွင် စတင် ဖွင့်လှစ်လိုက်ကြောင်း တရုတ်နိုင်ငံ ရထား ကော်ပိုရေးရှင်းက ပြောကြားလိုက်သည်။

ကျဲကျန်းပြည်နယ် အရှေ့ပိုင်းရှိ Yiwu West ရထားဘူတာရုံမှ ထွက်ခွာပြီး ဗြိတိန်တွင် အဆုံးသတ်မည် ဖြစ်ကာ ခရီး အကွာအဝေး ၁၂,၀၀၀ ကီလိုမီတာကျော် ရှည်လျားမည် ဖြစ်ပြီး ၁၈ ရက်ကြာမြင့်မည် ဖြစ်သည်။

Yiwu သည် ကုန်စည်ငယ်များ ထုတ်လုပ်ခြင်းဖြင့် လူသိများပြီး အိမ်တွင်းမှု ပစ္စည်း၊ အထည်ချုပ် ပစ္စည်း၊ အဝတ်အထည်၊ အိတ်များနှင့် ခရီးဆောင် လက်ဆွဲသေတ္တာများ အပါအဝင် ကုန်စည်များအား ရထားဖြင့် သယ်ပို့နိုင်မည် ဖြစ်သည်။ အဆိုပါ ရထားသည် ကာဇက်စတန်၊ ရုရှား၊ ဘယ်လာရုစ်၊ ပိုလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ် စသည့် နိုင်ငံများအား ဖြတ်သန်းကာ လန်ဒန်သို့ ရောက်ရှိမည် ဖြစ်သည်။

လန်ဒန်သည် တရုတ်-ဥရောပ ကုန်တင် ရထား ဝန်ဆောင်မှုများတွင် ၁၅ ခုမြောက်မြို့လည်း ဖြစ်သည်။

ယခု ဝန်ဆောင်မှုသည် ဥရောပ အနောက်ပိုင်းနှင့် အခိုင်အမာ ချိတ်ဆက်ပေးမည့် တရုတ်-ဗြိတိန် ကုန်သွယ် ဆက်ဆံရေးအား တိုးမြှင့်ပေးမည် ဖြစ်သလို အာရှနှင့် ရှေးဟောင်း ကုန်သွယ်မှု လမ်းကြောင်းတလျှောက် ဥရောပနှင့် အာဖရိကနိုင်ငံများနှင့် အခြေခံ အဆောက်အအုံနှင့် ကုန်သွယ်မှု ကွန်ရက် ချိတ်ဆက်ရာတွင် ပိုပြီး ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ရထား ကော်ပိုရေးရှင်းက ပြောကြားလိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.