Connect with us

Economy

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဝန်ကြီးချုပ် လီခဲ့ချန် AIIB ဖွင့်ပွဲ လုပ်ဆောင်ချက်များ အခမ်းအနား သို့ တက်ရောက်မည်

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီခဲ့ချန် တို့သည် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ဖွင့်ပွဲ လုပ်ဆောင်ချက်များ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထိုအကြောင်းအရာကို တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင် က ဇန်နဝါရီလ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှီသည် ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်မည့် ဖွင့်ပွဲ အခမ်းအနား ၌ မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး လီသည် နေ့လည်ပိုင်း တွင် ကျင်းပမည့် AIIB ကောင်စီ၏ ရံပုံငွေ ညီလာခံ ၌ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲ လုပ်ဆောင်ချက် အစီအစဉ် များသည် ဇန်နဝါရီလ ၁၆ မှ ၁၈ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အခြေစိုက် အဆိုပါဘဏ်သည် ပေကျင်း၌ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က တရားဝင် စတင် တည်ထောင်ခဲ့ပြီး ပေကျင်း၌ ရုံးချုပ် ထားရှိကာ ယခုအခါတွင် အဖွဲ့ဝင် အရေအတွက် ၅၇ နိုင်ငံ အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)