Connect with us

Economy

တရုတ်၏ ပုလဲမြစ်ဝကျွန်းပေါ်ဒေသ သည် ကမ္ဘာတွင် အကြီးဆုံးမြို့ပြ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကြေညာ

တရုတ်နိုင်ငံတောင်ပိုင်းရှိပုလဲမြစ်ဝကျွန်းပေါ်ဒေသ၏မြို့ကြီးတစ်မြို့

တရုတ်နိုင်ငံတောင်ပိုင်းရှိပုလဲမြစ်ဝကျွန်းပေါ်ဒေသ၏မြို့ကြီးတစ်မြို့

စင်ကာပူ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ဘက်တွင် မြို့ပြများ စုပြုံဝန်းရံ ထားသည့် ပုလဲမြစ်ဝကျွန်းပေါ် ဒေသသည် ကမ္ဘာတွင် အကြီးဆုံး မြို့ပြ ဟု သတ်မှတ်ထားသည့် ဂျပန်၏ မြို့ပြဧရိယာ နှင့် လူဦးရေအား ကျော်တက်သွား သည် ဟု ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပုလဲမြစ်ဝကျွန်းပေါ် ဒေသတွင် ကွမ်ကျိုး၊ ရှင်ကျန်း၊ ဖူးရှန့်၊ ဒေါင်ဂွမ်းတို့ ပါဝင် ပြီး လူဦးရေ ၄၂ သန်းနေထိုင်သည်။ ထိုလူဦးရေသည် အာဂျင်တီးနား၊ ကနေဒါ ၊ မလေးရှား စသည့် နိုင်ငံများတွင် ရှိသည့် လူဦးရေ ထက် ပိုများကြောင်း သိရသည်။

၂၀၁၀ ခုနှစ်တွင် ၎င်းဒေသ၌ နေထိုင်သည့် လူဦးရေ ၃၆ ရာခိုင်နှုန်းသည် ၁၀ စုနှစ် အတွင်းတွင် ၂၉ ရာခိုင်နှုန်း တိုးတက်လာမည် ဖြစ်ကြောင်း ဆိုသည်။

ထိုအချက်အလက်များသည် ဂြိုဟ်တုမှ ကြည့်ရှုရရှိသည်များအား အခြေခံထားခြင်း ဖြစ်သည်။၂၀၁၀ ခုနှစ်တွင် ၁၀ သန်းမက ရှိသည့် လူဦးရေသည် အဆိုပါဒေသရှိ မြို့ကြီး ၈ မြို့တွင် နေထိုင်ကြသည်။ ၎င်းမြို့ပြ ဧရိယာ သည် တဖြည်းဖြည်းနှင့် တစ်နှစ်လျှင် ၂ ဒဿမ ၄ ရာခိုင်နှုန်း ချဲ့ထွင်ခဲ့သည်။ မြို့ပြနေရာသည် ၂၀၁၀ ခုနှစ်တွင် ၁၃၄,၈၀၀ စတုရန်းမီတာ ရှိသည်။ မြို့ပြလူဦးရေသည် ၃ ရာခိုင်နှုန်း ထက်မနည်း တိုးတက်လာခဲ့သည်။

ကမ္ဘာ့ဘဏ်မှ မြို့ပြတိုးတက်ဖွံ့ဖြိုးရေး ကျွမ်းကျင်ပညာရှင် Abhas Jha က “ အစိုးရကို ဒီအစီရင်ခံစာက တွန်းအားဖြစ်စေ မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက မြို့ပြမှာ ကားတွေပိတ်ကြပ်နေသလိုပါပဲ။ လူတွေ ပိတ်ကြပ်နေတာဖြစ်လို့ စိန်ခေါ်မှုတစ်ခုပါပဲ” ဟုပြော သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.