Connect with us

Economy

CIIE သို့တက်ရောက်လာသော ပြည်ပစီးပွားရေးလုပ်ငန်းရှင်များနှင့် သမ္မတ ရှီ တွေ့ဆုံ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ၌ မိန့်ခွန်းပြောကြားနေသော သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo) သို့ တက်ရောက်လာသော ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်များနှင့် နိုဝင်ဘာလ ၅ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်ဝါဒ ကျင့်သုံးခဲ့သည့် နှစ် ၄၀ မြောက် အထိမ်းမှတ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ လုပ်ဆောင်နေကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒ မူဝါဒများစွာကို မိတ်ဆက်ထားခဲ့ကြောင်း၊ ယင်းကဲ့သို့ မူဝါဒများလည်း ပိုမိုထွက်ရှိလာဦးမည်ဖြစ်ကြောင်း၊ CIIE သည်လည်း ယင်း မူဝါဒများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း ရှီက ဆိုသည်။

“တရုတ်နိုင်ငံက အခြားနိုင်ငံများနဲ့အတူ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရာမှာ ပြဿနာများစွာ ရှိပြီး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒမှတစ်ဆင့် ကျွန်တော်တို့ ရလဒ်များ ထွက်ပေါ်တဲ့အထိ အဖြေရှာသွားမှာဖြစ်ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် ပြည်ပကုမ္ပဏီများအတွက် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် လုပ်ငန်းလည်ပတ်ရန် ဝန်းကျင်ကောင်းတစ်ခု ကမ်းလှမ်းထားမှုကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း၊ နိုင်ငံများအားလုံးမှ စီးပွားရေးလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံမှ ပုံဖော်ထားသည့် အခွင့်အလမ်းများ မျှဝေရန်နှင့် အပြန်အလှန် အကျိုးကျေးဇူးများ ရရှိခြင်းနှင့် နှစ်ဦးနှစ်ဖက် ရလဒ်များ ရရှိရန် ဖြည့်စွက်ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၅ ရက်တွင် စတင်ကာ ၆ ရက်တာကြာမြင့်မည့် အဆိုပါ ပြပွဲသည် ကမ္ဘာ့ပထမဆုံး သွင်းကုန်ကို ရည်ရွယ်ထားသည့် နိုင်ငံအဆင့် ပြပွဲဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.