Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၏ နိုင်ငံတော် ရတနာ တစ်ခု ဖြစ်သည့် ပန်ဒါ ဝက်ဝံ

တရုတ်နိုင်ငံရှိ ပန်ဒါဝက်ဝံပုံ (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပန်ဒါ ဝက်ဝံကို အထူး အလေးထားပြီး နိုင်ငံတော် ရတနာဟုလည်း သတ်မှတ် ထားသည်။

ပန်ဒါ ဝက်ဝံသည် တရုတ် နိုင်ငံ၏ နိုင်ငံခြား ဆက်ဆံရေးတွင် မိတ်ဆွေ သဘောဆောင်သည့် အရေးကြီး သင်္ကေတ တစ်ခု ဖြစ်သည်။

ပန်ဒါ ဝက်ဝံ၏ အဖြူအနက် နှစ်မျိုးရောထားသည့် အရောင်သည် လူအများ၏ ချစ်ခင် နစ်သက်ခြင်းကို ခံရသည်။ ၁၉၆၁ ခုနှစ်က WWF (World Wide Fund For Nature) စတင် တည်ထောင် ချိန်တွင် ပန်ဒါ ဝက်ဝံပုံကို အမှတ် တံဆိပ် အဖြစ်သတ်မှတ် ခဲ့သည်။

ပန်ဒါ ဝက်ဝံ ကျက်စားရာ ဒေသကိုလည်း ထိန်းသိမ်း ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။ ၂၀ ရာစု အလယ်ပိုင်းမှ စတင်၍ တရုတ် နိုင်ငံ အစိုးရသည် ပန်ဒါ ဝက်ဝံ ကာကွယ်ရန် အဓိက ထားသည့် သဘာဝ ထိန်းသိမ်းရေး ဇုံကို သတ်မှတ် ခဲ့သည်။ ၁၉၅၇ ခုနှစ်မှ စတင်၍ ပန်ဒါ ဝက်ဝံ ဖမ်းဆီးခြင်းကို စတင် အရေးယူ ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ပန်ဒါ ဝက်ဝံကို တရုတ်နိုင်ငံ၏ ထိပ်တန်း ကာကွယ် စောင့်ရှောက်သည့် သတ္တဝါဟု သတ်မှတ် ခဲ့သည်။

ပန်ဒါ ဝက်ဝံသည် အသားစား ဝက်ဝံ အမျိုးအစားတွင် ပါဝင်သည့် နို့တိုက် သတ္တဝါ ဖြစ်သည်။ ပန်ဒါ ဝက်ဝံသည် အဖြူအမည်း အရောင်ရှိသည့် တရုတ် နိုင်ငံမှ ထူးခြား ဝက်ဝံ အမျိုးအစား ဖြစ်သည်။ လက်ရှိချိန်တွင် တရုတ်နိုင်ငံ အနောက် အလယ်ပိုင်း စီချွမ်း ပြည်နယ် တဝိုက်တွင် တွေ့ရှိရသည်။ တစ်ကမ္ဘာလုံး တွင် သဘာဝ ပန်ဒါ ဝက်ဝံ အကောင်ရေ ၁၅၉၀ ခန့် ကျန်ရှိပြီး အကောင်ရေ မွေးဖွားမှုနှုန်း အလွန် နည်းသော ကြောင့် တရုတ်နိုင်ငံတွင် မျိုးသုံန်းခါနီး သတ္တဝါဟု သတ်မှတ် ထားသည်။ (Xinhua)