Connect with us

Environment, Disasters & Accidents

ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်ရန် စွမ်းဆောင်ရည် မြင့်မားဖို့ လိုအပ်

သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်း အဖွင့် အမှာစကား ပြောကြားစဉ် ( ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ်၂၈ ရက် (ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်ပြီး ရေရှည် ခံနိုင်ရည် ရှိစေရန် ရေးဆွဲထားသည့် ၂၀၃၀ မဟာ ဗျူဟာနှင့် ပင်မ လုပ်ငန်းများ အောင်မြင်စေရေးအတွက် စွမ်းဆောင်ရည် မြင့်မားဖို့ လိုအပ်သည်ဟု သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့နံနက် ပြောကြားခဲ့သည်။

“ရာသီဥတု ပြောင်းလဲခြင်းကို ရေရှည် ခံနိုင်ရည် ရှိအောင် တုံ့ပြန်နိုင်မယ့် လူ့အဖွဲ့အစည်းနဲ့ လူသား အရင်းအမြစ် မွေးထုတ်ပေးမယ့် ပညာရေး၊ ပညာပေးမှုနဲ့ နည်းပညာ ဆိုင်ရာ စနစ်များ အားကောင်းဖို့ လိုအပ်ပါတယ်၊ ဒါကလည်း ရာသီဥတု ပြောင်းလဲမှု မဟာဗျူဟာ (၂၀၃၀) ရဲ့ ပင်မ လုပ်ငန်း အစီအစဉ် တွေ ထဲက တစ်ခု ဖြစ်ပါတယ်”ဟု နေပြည်တော် Hotel Amara တွင် ယနေ့ပြုလုပ်သော ‘မြန်မာနိုင်ငံ ရှိ တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွင် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဘာသာရပ် ကို အားဖြည့် သင်ကြားရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’ ၌ ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် နည်းပညာဆိုင်ရာ အကြံပေး အရာရှိချုပ် Mr. Shashank အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်းပြီး ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွက် တက္ကသိုလ်များဆိုင်ရာ အတိုင်ပင်ခံအဖွဲ့မှ ပညာရှင် Dr. Mazin R Khan အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပညာရေးသည် လူ့ စွမ်းအား အရင်းအမြစ် ခိုင်မာစေရေးအတွက် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း၊ အမျိုးသား အဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သော ဒုတိယ သမ္မတ(၁)က “အနာဂတ်မှာ အသိပညာ မြင့်မားရေးနှင့် လူ့ စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို ပညာရေးသင်ရိုးညွှန်းတမ်းတွင် ပေါင်းစပ် ထည့်သွင်းနိုင်ရန်” လမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် လူ့ စွမ်းအားအရင်းအမြစ်များ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံရော အဆင့်မြင့် ပညာရေးမှာပါ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သင်ရိုးညွှန်းတမ်း များနှင့် သင်ကြားရေး အထောက်အကူ ပစ္စည်းများကို အလေးထား ပေါင်းစပ်နိုင်ရန် အရေးကြီး ကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက “သင်ရိုးညွှန်း တမ်း တစ်ခု ရေးဆွဲတယ်ဆိုတာက ဒီသင်ရိုးညွှန်းတမ်း တစ်ခုတင်မကဘူး၊ သင်ရိုး ညွှန်းတမ်း ဖြစ်လာသော်လည်း သင်ကြားပြသနိုင်ဖို့အတွက် ဆရာ ဆရာမတွေ လိုအပ်လာတယ်၊ သင်ကြား ပြသတဲ့အခါမှာ လိုအပ်တဲ့ Resource ပေါ့– ကျွန်တော်တို့ ငွေကြေးအားဖြင့်သော် လည်းကောင်း၊ အဆောက်အအုံဆိုလည်း infrastructure အားဖြင့် သော်လည်းကောင်း လိုအပ်ချက် တွေ ၇ှိတယ်။ ဒါတွေအပေါ်မှာ အခြေခံပြီးတော့ ဘယ်တော့ ပြဌာန်းနိုင်မလဲ။ ဒီအဆင့်ကတော့ အဓိကကတော့ မူကြမ်း ရေးဆွဲဖို့ အဆင့်ပါ။ ပြဌာန်းဖို့ ဆိုတာကတော့ လုပ်ထုံး လုပ်နည်းနဲ့ အညီ အဆင့်ဆင့် တင်ပြသွားဖို့ရှိပါတယ်” ဟု မီဒီယာကို ပြောခဲ့သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်း ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွက် တက္ကသိုလ်များဆိုင်ရာ အတိုင်ပင်ခံအဖွဲ့(LUCCC) မှ ပညာရှင်များ၊ မြန်မာ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် နည်းပညာ ဆိုင်ရာ အကြံပေးအဖွဲ့(MCCA) မှပညာရှင်များ၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှ ပညာရှင်များ၊ သက်ဆိုင်ရာ ဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ တက်ရောက် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.