Connect with us

China

“တွေ့ဆုံဆွေးနွေးမှုက ထိပ်တိုက်ရင်ဆိုင်မှုထက် ပိုပြီး ကောင်းမွန်ပါတယ်” – အမေရိကန် နယ်ပယ်အသီးသီးက အကြီးအကဲ သံတမန်ဆက်ဆံရေးဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ရှေ့သို့ချီတက်မှုကို ဦးဆောင်ရန် မျှော်လင့်လျက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း/နယူးယောက်၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် မေ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်မည်ဖြစ်သည်။ ယင်းမှာ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြီးအကဲများအနေဖြင့် ယမန်နှစ် အောက်တိုဘာလတွင် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ တွေ့ဆုံဆွေးနွေးပွဲအပြီး ထပ်မံ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
နိုင်ငံတကာအခြေအနေများ မတည်မငြိမ် လှုပ်ခတ် ပြောင်းလဲမှုများနေသည့် အခါသမယတွင် နောက်ထပ်တစ်ကြိမ် ပစိဖိတ်သမုဒ္ဒရာဖြတ်ကျော်၍ လက်ဆွဲနှုတ်ဆက်မှုသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းခံနေရသည်။ အမေရိကန် နယ်ပယ်အသီးသီးကလည်း ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုကို များစွာအာရုံစိုက်နေကြပြီး တရုတ်-အမေရိကန် အကြီးအကဲ သံတမန်ဆက်ဆံရေးက နှစ်ဖက်ဆက်ရေး၏ သင်္ဘောကြီး တည်ငြိမ်စွာ ရှေ့သို့လှမ်းချီမှုကို ဦးဆောင်ကာ ပြောင်းလဲရှုပ်ထွေးနေသည့်ကမ္ဘာကြီးအတွက် ပိုမိုများပြားသော တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ဖြည့်တင်းပေးရန် မျှော်လင့်လျက်ရှိသည်။

“အဖိုးတန်သည့် တည်ငြိမ်သော အချက်ပြမှုများ လက်ဆင့်ကမ်းပေး”
အကြီးအကဲ သံတမန်ဆက်ဆံရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးကို “လမ်းပြပေးသည့် သံလိုက်အိမ်မြှောင်” နှင့် “ပင်မ မဏ္ဍိုင်” ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် အစားထိုးမရသည့် မဟာဗျူဟာ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ယမန်နှစ်ကတည်းက သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ထရမ့်နှင့် ၅ ကြိမ်တိုင် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး အကြိမ်များစွာ အပြန်အလှန် သဝဏ်လွှာများပေးပို့ခဲ့သလို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ အောင်မြင်စွာ တွေ့ဆုံ၍ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နိုင်ငံတကာအခြေအနေနှင့်စပ်လျဉ်း၍ မဟာဗျူဟာဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။

တည်ငြိမ်၊ ကောင်းမွန်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော တရုတ်-အမေရိကန်ဆက်ဆံရေးသည် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်လင့်ချက်နှင် ကိုက်ညီမှုရှိသည်။
“အမေရိကန်-တရုတ် ဆက်ဆံရေးက ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး နှစ်ဖက်ဆက်ဆံရေးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေအပေါ် သက်ရောက်မှုအလွန်ကြီးမားပါတယ်။ နှစ်နိုင်ငံအကြီးအကဲရဲ့ အပြန်အလှန်ဆက်ဆံမှုက ကမ္ဘာကြီးရဲ့အာရုံကို ဖမ်းစားနေပါတယ်” ၊ “နှစ်နိုင်ငံ အကြီးအကဲ တွေ့ဆုံမှုက ကမ္ဘာကြီးကို အဖိုးတန်ပြီး တည်ငြိမ်တဲ့အချက်ပြမှုများ လက်ဆင့်ကမ်းပေးမှာဖြစ်ပါတယ်” ဟု အမေရိကန် The Kuhn Foundation ဥက္ကဋ္ဌ Robert Lawrence Kuhn က ဆင်ဟွာသတင်းထောက် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
အမေရိကန် CNBC ရုပ်သံလွှင့်ဌာနက “စင်ကာပူမှ ဘရပ်ဆဲလ်သို့ – တရုတ်-အမေရိကန် အကြီးအကဲ တွေ့ဆုံဆွေးနွေးမှုအား ကမ္ဘာ့နိုင်ငံအသီးသီး အကြီးအကဲများ အာရုံစိုက်နေ” ဟူသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးထုတ်ပြန်ခဲ့ရာ အမေရိကန်-တရုတ်ဆက်ဆံရေး၏ အနာဂတ်သည် ပူးပေါင်းဆောင်ရွက်မှုဆီသို့ လှမ်းချီမည်လော၊ အတိုက်အခံပြုလုပ်မှုကို ရွေးချယ်မည်လောမှာ ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေမည်ဟု ထောက်ပြခဲ့သည်။
“တွေ့ဆုံဆွေးနွေးမှုက ထိပ်တိုက်ရင်ဆိုင်မှုထက် ပို၍ ကောင်းမွန်ပါတယ်” ဟု သမ္မတ ရှီကျင့်ဖိန်က အကြိမ်များစွာ အလေးထားပြောကြားမှုအပေါ် အမေရိကန် Quincy Institute မှ အဆင့်မြင့်သုတေသီ Denis Simon က များစွာအသိအမှတ်ပြုနေသည်။ အမေရိကန်-တရုတ် နှစ်နိုင်ငံအကြီးအကဲက ထိရောက်သည့် မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုကို ဖော်ဆောင်ကာ တွေ့ဆုံဆွေးနွေးဖလှယ်မှုကို မြှင့်တင်‌ပြီး နှစ်ဖက်ဆက်ဆံရေး တည်ငြိမ်စွာတိုးတက်မှုကို ဦးဆောင်ခြင်းဖြင့် ကမ္ဘာကြီးအတွက် ပိုမိုများပြားသော သေချာရေရာမှုကို ဖြည့်တင်းပေးရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ချိတ်ဆက်ရေးကို မြှင့်တင်ခြင်း”
လတ်တလောရက်ပိုင်းတွင် Tesla ရှန်ဟိုင်း စူပါစက်ရုံ၏ အချက်အလက်သည် လူအများအာရုံကို ဖမ်းစားလိုက်သည်။ ယခုနှစ် ဧပြီလတွင် လွှဲပြောင်းပေးအပ်သည့်ပမာဏသည် ကားအစင်းရေ ၇၉,၀၀၀ ကျော်ရှိပြီး ယမန်နှစ်ကာလတူထက် ၃၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံ အမေရိကန်ကုန်သည်များအသင်း (AmCham China) က မကြာသေးမီက ထုတ်ပြန်သော “၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ” အရ စစ်တမ်းဖြေကြားသည့် တရုတ်နိုင်ငံရှိ အမေရိကန် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းကုမ္ပဏီ ၇၂ ရာခိုင်နှုန်းက ၂၀၂၆ ခုနှစ်တွင် ၎င်းတို့တည်ရှိရာလုပ်ငန်းဈေးကွက်သည် တည်ငြိမ်သော တိုးတက်မှုရှိလာမည်ဟု မျှော်မှန်းကြပြီး လုပ်ငန်းကုမ္ပဏီပေါင်း ၆၀ ရာခိုင်နှုန်းနီးပါးကမူ တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးမူဝါဒ အမျိုးသားကော်မတီ (NCAFP) ၏ အမေရိကန်-တရုတ်လုပ်ငန်းအဖွဲ့ငယ်သည် မကြာသေးမီက ဆောင်းပါးရေးသား၍ အမေရိကန်-တရုတ် အကြီးအကဲများက ပေကျင်း၌ တွေ့ဆုံဆွေးနွေးမှုမှာ နှစ်နိုင်ငံက ကုန်သွယ်စီးပွားရေး၊ ဉာဏ်ရည်တု (AI) စသည့်ကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးတွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်ကတော့ အမေရိကန်နဲ့တရုတ်က ကုန်သွယ်ရေးကဏ္ဍမှာ သဘောတူညီချက်အသစ်တွေ ရရှိဖို့ မျှော်လင့်ပါတယ်” ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် နှစ်ဖက်လုံးအတွက် အကျိုးရှိသလို ကမ္ဘာ့ဈေးကွက်အတွက်လည်း “ခါတော်မီမိုး” ပင်ဖြစ်ကြောင်း အမေရိကန် အိုင်အိုဝါပြည်နယ်မှ စိုက်ခင်းပိုင်ရှင် Bill Pellett က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ရှန်ဟိုင်း အမေရိကန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ကျိန့်ရိက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အနာဂတ် အလားအလာကျယ်ပြန့်ကြောင်း၊ တရုတ်နိုင်ငံက အဆင့်မြင့်ပြည်ပသို့ တံခါးဖွင့်လှစ်မှုကို စဉ်ဆက်မပြတ် တိုးချဲ့ခြင်းနှင့် ပြည်တွင်းဈေးကွက် စားသုံးမှုအလားအလာများကို တစ်ဆင့်တိုး ဖော်ဆောင်လာသည်နှင့်အမျှ တရုတ်နိုင်ငံတွင် အမေရိကန် လုပ်ငန်းကုမ္ပဏီများ တိုးတက်လာနိုင်သော နေရာအလားအလာသည်လည်း အဆက်မပြတ်တိုးချဲ့လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် “ငါးနှစ် လူငါးသောင်း” အဆိုပြုချက်ကို အကောင်အထည်ဖော်သော အရေးကြီးလှုပ်ရှားမှု တရုတ်-အမေရိကန် အရပ်ဘက် Pickleball ပြိုင်ပွဲကို တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကန့်ကျိုးမြို့တွင် မကြာသေးမီက ကျင်းပပြီးစီးခဲ့သည်။ “ပင်ပေါင် သံတမန်ဆက်ဆံရေး” အား အမေရိကန်ဘက်က ကိုယ်တိုင်တွေ့ကြုံခဲ့သူ Judy Hoarfrost က ဧပြီလတွင် တရုတ်နိုင်ငံသို့လာရောက်၍ တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ပြီးနောက် အမေရိကန်လူငယ်ပေါင်းဆယ်ချီနှင့်အတူ တရုတ်နိုင်ငံသို့ ခရီးစဥ် ထပ်မံလာရောက်ခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် အရပ်ဘက်ချစ်ကြည်ရင်းနှီးမှုအပေါ် မျှော်လင့်ချက်များ အစဉ်အမြဲထားရှိထားကြောင်း၊ နှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ အထူးသဖြင့် လူငယ်မျိုးဆက်အနေဖြင့် သမ္မတ ရှီကျင့်ဖိန်ပြောသကဲ့သို့ပင် “ပူးပေါင်းဖလှယ်မှုများကြားမှာ အပြန်အလှန် သိကျွမ်းရင်းနှီးလာပြီး” ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ချိတ်ဆက်ရေးကို အဆက်မပြတ် မြှင့်တင်ကာ အမေရိကန်-တရုတ်ဆက်ဆံရေး တည်ငြိမ်စွာ၊ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်အတွက် အကျိုးထမ်းဆောင်သင့်ကြောင်း ၎င်းက သတင်းထောက်အား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ လာရောက်၍ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်သည့် အမေရိကန် အိုရီဂွန်ပြည်နယ် တက္ကသိုလ်ကျောင်းသား လုခ်အယ်လန် ခဲဘက်က အမေရိကန်-တရုတ် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုက နှစ်နိုင်ငံ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး ပိုမိုများပြားသော အမေရိကန်-တရုတ်လူငယ်များ “အပြန်အလှန်နားလည်သိရှိမှု နက်ရှိုင်းစေကာ ချစ်ကြည်ရင်းနှီးလာစေရန်” မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ဘယ်အချိန်ကထက်မဆို ဖလှယ်မှုကိုမြှင့်တင်ပြီး ချစ်ကြည်ရင်းနှီးမှုကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းအောင် လုပ်ဆောင်ကာ ပိုမိုသာယာလှပတဲ့ ကမ္ဘာကြီးဖြစ်အောင် အတူလက်တွဲဖန်တီးသွားဖို့ လိုအပ်နေပါတယ်” ဟု အမေရိကန် ဝါရှင်တန်ပြည်နယ် တက်ကိုးမားမြို့ မြို့တော်ဝန် Anders Ibsen က ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ခြင်း
ယမန်နှစ်မှစ၍ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်က အပြန်အလှန်ဆက်ဆံမှုတွင် တရုတ်-အမေရိကန်အနေဖြင့် နိုင်ငံကြီးဟူသည့် တာဝန်သိတတ်မှုကို အတူတကွဖော်ပြကာ ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်၌ ကောင်းမွန်သော အပြန်အလှန်ဆက်ဆံမှုကို မြှင့်တင်သင့်ကြောင်း၊ “အတူလက်တွဲပြီး နှစ်နိုင်ငံနဲ့ ကမ္ဘာကြီးအတွက် အကျိုးရှိတဲ့ ကိစ္စကြီး၊ လက်တွေ့ကိစ္စ၊ ကိစ္စကောင်းတွေကို လက်တွဲပိုမိုဆောင်ရွက်ရပါမယ်” ဟု ဖော်ပြထားသည်။
နှစ်နိုင်ငံအကြီးအကဲ တွေ့ဆုံဆွေးနွေးမှု၏ အကျိုးသက်ရောက်မှုသည် နှစ်ဖက်အတိုင်းအတာထက် ကျော်လွန်နေပြီး ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်ရှိကြောင်း၊ နှစ်နိုင်ငံက ကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ စသည့် ကမ္ဘာလုံးဆိုင်ရာအကြောင်းအရာများ၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ကျယ်ပြန့်သောသက်ရောက်မှု ဖြစ်လာမည်ဖြစ်ကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် ပီတာဆန် နိုင်ငံတကာစီးပွားရေး အင်စတီကျု အကြီးတန်းသုတေသီ Chad Bown က ယခုအကြိမ် အကြီးအကဲ တွေ့ဆုံဆွေးနွေးမှုရလဒ်သည် တစ်ကမ္ဘာလုံး ဘက်အသီးသီးအပေါ် သက်ရောက်မှု ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးက ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုကို အနီးကပ် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။
အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံနှင့် အကြီးဆုံး ဖွံ့ဖြိုးပြီးနိုင်ငံအနေဖြင့် တရုတ်နှင့် အမေရိကန်က အကြမ်းဖက်ဝါဒများကို တိုက်ဖျက်ခြင်း၊ ဘဏ္ဍာရေးအကျပ်အတည်း ကိုင်တွယ်စီမံခြင်း၊ အီဘိုလာဗိုင်းရပ်စ် တားဆီးတိုက်ဖျက်ခြင်း စသည်တို့ကို အတူလက်တွဲလုပ်ဆောင်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ခြင်း၊ ဉာဏ်ရည်တု (AI) ၊ ကူးစက်ရောဂါ ကိုင်တွယ်စီမံခြင်း စသည့်ကဏ္ဍများတွင်လည်း ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု အလားအလာများ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် တရုတ် ဟူသည့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအစုအဖွဲ့ကြီးနှစ်ခုက ချိတ်ဆက်မှုကို ထိန်းသိမ်းထားမည်ဆိုပါက ကမ္ဘာကြီး ပိုမိုလုံခြုံလာမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) ဥက္ကဋ္ဌ Michael Froman က စာရေးသား၍ ထောက်ပြခဲ့သည်။
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှ World Food Prize ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Kenneth M. Quinn က ယခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေး၏ “နှစ်ကြီးတစ်နှစ်” ဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်ကြားတွင် ကွဲလွဲမှုများ ရှိနေသော်လည်း နှစ်ဦးနှစ်ဖက်က ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များ ပိုင်ဆိုင်ထားကြောင်း၊ နှစ်နိုင်ငံက လက်တွဲပူးပေါင်းဆောင်ရွက်ပြီး စားနပ်ရိက္ခာဖူလုံမှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများစွာကို အတူတကွရင်ဆိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ အကြီးအကဲ တွေ့ဆုံဆွေးနွေးမှုက နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ထိုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်ရေးအတွက် တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ မျှော်လင့်နေပါတယ်” ဟု အမေရိကန်နိုင်ငံ တရုတ်-အမေရိကန် သုတေသနအင်စတီကျု အဆင့်မြင့်သုတေသီ Sourabh Gupta က ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင်ကျင်းပသော Display Week ပွဲတွင် TCL တံဆိပ်ပြခန်းအား လေ့လာကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် “ကူလျင်ယွမ်” တရုတ်-အမေရိကန် လူငယ် သံပြိုင်သီဆိုမှု သီတင်းပတ် ပိတ်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ အမျိုးသား အော်ပရာဇာတ်ရုံ၌ ကျင်းပစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ပထမအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပရာနေရာ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
特稿|“对话比对抗好”——美国各界期待元首外交引领中美关系平稳前行
新华社北京/纽约5月12日电 题:“对话比对抗好”——美国各界期待元首外交引领中美关系平稳前行   新华社记者乔继红 杨士龙 陆睿

应国家主席习近平邀请,美国总统特朗普将于5月13日至15日对中国进行国事访问。这是中美两国元首继去年10月韩国釜山之后再次面对面会晤。
国际形势动荡多变之际,又一次跨越太平洋的握手举世瞩目。美国各界高度关注此次会晤,期待中美元首外交引领双边关系的大船平稳前行,为变乱交织的世界注入更多稳定性和确定性。

“传递宝贵的稳定信号”
元首外交是中美关系的“指南针”和“定盘星”,对两国关系发展发挥着不可替代的战略引领作用。去年以来,习近平主席同特朗普总统5次通电话,多次互致信函,在韩国釜山成功会晤,围绕中美关系和国际形势展开战略沟通。
一个稳定、健康、可持续发展的中美关系符合两国共同利益和国际社会期待。“美中关系是世界上最重要的双边关系,对全球事务影响巨大,两国元首的互动牵动着世界目光。”美国库恩基金会主席罗伯特·劳伦斯·库恩在接受新华社记者采访时说,“两国元首会晤将向世界传递宝贵的稳定信号。”
美国消费者新闻与商业频道网站以“从新加坡到布鲁塞尔,世界各国领导人都在关注中美元首会晤”为题发表文章,指出美中关系未来是走向合作还是选择对抗,将对全球经济产生重大影响。
美国昆西治国方略研究所高级研究员丹尼斯·西蒙对习近平主席多次强调的“对话比对抗好”深感认同。他说,期待美中两国元首展开有效的战略沟通,加强对话交流,引领双边关系平稳发展,给世界注入更多确定性。

“拉紧友好合作的纽带”
近日,来自特斯拉上海超级工厂的数据令人眼前一亮:今年4月交付量超7.9万辆,同比增长36%。中国美国商会近期发布的《2026年中国商务环境调查报告》显示,72%的受访在华美资企业预计2026年所在行业市场将实现温和增长;近六成企业计划增加在华投资。
美国外交政策全国委员会的美中工作小组近日撰文,期待美中元首在北京的会晤能够进一步推动两国在经贸、人工智能等领域的务实合作。
“我希望美中在贸易方面能够达成新的共识。”美国艾奥瓦州农场主比尔·佩利特告诉记者,两国加强合作对双方都有利,对世界市场也是一场“及时雨”。
上海美国商会会长郑艺说,两国合作前景广阔,随着中国持续扩大高水平对外开放和进一步释放国内市场消费潜力,美企在华发展空间将不断拓宽。
作为落实习近平主席提出的“5年5万”倡议的重要活动,中美民间匹克球联谊赛在江西赣州刚刚落下帷幕。“乒乓外交”美方亲历者朱迪·霍尔弗罗斯特继4月来华参加中美“乒乓外交”55周年纪念活动后,同数十名美国年轻人再次访问中国。她告诉记者,习近平主席对中美民间友好始终寄予厚望,两国各界人士,特别是青年一代应像习近平主席所说的那样,“在交流合作中相知相亲”,不断拉紧友好合作的纽带,为推动美中关系稳定、健康发展作出贡献。
前来中国参赛的美国俄勒冈州大学生卢克·阿伦·卡尔弗特说,期待美中元首会晤能够推动两国交流与合作,让更多美中青年“加深了解、建立友谊”。
“我们比任何时候更需要加强交流,让友谊代代传承下去,携手创造更美好的世界。”美国华盛顿州塔科马市市长安德斯·易卜生说。

共同应对全球性挑战
去年以来,习近平主席在同特朗普总统的互动中,多次强调中美应共同展现大国担当,加强在地区和国际舞台的良性互动,“携手多办一些有利于两国和世界的大事、实事、好事”。
美国阿克西奥斯新闻网站的报道说,两国元首会晤的影响已超出双边范畴,具有全球意义。两国在贸易、科技等全球性议题上的交流与合作,将产生广泛影响。
美国彼得森国际经济研究所高级研究员查德·鲍恩说,此次元首会晤的结果对全球各方都会产生影响,正因为如此,世界各国都在密切关注着此次会晤。
作为最大发展中国家和最大发达国家,中美曾携手打击恐怖主义、应对金融危机、阻击埃博拉病毒等,在打击非法移民和电信诈骗、反洗钱、人工智能、应对传染疾病等领域也展现出良好的合作前景。美国外交关系协会会长迈克尔·弗罗曼撰文指出,当美国和中国这两个世界上最大的经济体保持沟通,世界就会更加安全。
来自美国艾奥瓦州的世界粮食奖基金会名誉主席肯尼思·奎因说,今年将是两国关系的“大年”。尽管美中之间存在分歧,但双方拥有广泛的共同利益与现实合作需求,期待两国携手合作,共同应对包括粮食安全在内的诸多全球性挑战。
“期待两国元首会晤促进两国对话与合作,进而为世界经济增长、完善全球治理发挥积极作用。”美国中美研究中心高级研究员苏拉布·古普塔说。(完)
1、当地时间2025年10月30日,国家主席习近平在釜山同美国总统特朗普举行会晤。新华社记者 黄敬文 摄
2、5月5日,在美国洛杉矶,人们在“国际显示周”上参观TCL华星展台。新华社发(邱晨摄)
3、2025年7月16日,2025年“鼓岭缘”中美青少年合唱周闭幕演出在中央歌剧院举办。此次活动以“歌唱和平”为主题,中美青少年用歌声唱响青春、和平与友谊。新华社记者 卢烨 摄
4、2月10日,2026年亚太经合组织(APEC)第一次高官会开幕式在广东省广州市举行。图为举办地外景。新华社记者 邓华 摄