ကွမ်ကျုံး ၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ) ဉာဏ်ရည်တု(AI)နည်းပညာဖြင့် စကားအပြန်အလှန်ပြောနိုင်သည့်စနစ်တစ်ခုကို တရုတ်နိုင်ငံ၏ အကျော်ကြားဆုံးလူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော WeChat အဖွဲ့သားများက တီထွင်ဖန်တီးခဲ့ပြီး ၊ ယင်းစနစ်ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျုံးမြို့၌ ဇန်နဝါရီ ၉ ရက်တွင် စတင်မိတ်ဆက်အသုံးပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့အလည်အပတ်ရောက်ရှိနေသော မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ(WPK) ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်ရေးရာကော်မရှင်ဥက္ကဋ္ဌ ကင်ဂျုံအမ် အား ဇန်နဝါရီ ၈ ရက်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဆီရာလီယွန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန ဝန်ကြီး အလီ ကက်ဘာ (Alie Kabba) သည် ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက...
ပေကျင်း ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအမ်သည် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်လျက်ရှိကြောင်း တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယနေ့ဇန်နဝါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်ရုပ်ရှင်သရုပ်ဆောင်လီတုံးရွှယ်(Li Dongxue) နှင့်အတူ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုက်ဆန် ၊ ကမ္ဘာကျော်ရုပ်ရှင်မင်းသား စတီဗင်ဆေးဂဲလ် နှင့် Janicke Askevold တို့ပါဝင်သရုပ်ဆောင်ထားသော တရုတ်နိုင်ငံမှ ရိုက်ကူးထုတ်လုပ်ထားသည့် “ China Salesman ” ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၉...
နန်နင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ တိုက်ရိုက်လေကြောင်းသစ် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
အဒစ် အဘာဘာ ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် အီသီယိုးပီးယား နိုင်ငံခြားရေး ဝန်ကြီး ဝပ်နီ ဂီဘီရီဟူ (Workneh Gebeyehu) တို့က ဇန်နဝါရီ ၃...
အဒစ် အဘာဘာ ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အီသီယိုးပီးယား နိုင်ငံ ဝန်ကြီးချုပ် အဘီး အာမက် (Abiy Ahmed) နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဇန်နဝါရီ ၃...
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဇန်နဝါရီ လ ၄ ရက်နေ့ မှ ၇ရက် နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် ထူးခြားမိုးလေဝသ ဖြစ်စဉ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သော Chang’e-4 အာကာသယာဉ် သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ ချိုင့်ဝှမ်းတစ်ခုပေါ်သို့ ဇန်နဝါရီ ၃ရက်တွင် ကြာချိန် ၁၂မိနစ်ဖြင့် အံသြမင်သက်ဖွယ် ဖြည်းညင်းညင်သာစွာ ဆင်းသက်ခဲ့ကြောင်း သိရသည်။