Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘောဒီးယားနိုင်ငံ၏ ဘုရင့်မယ်တော်အား ချစ်ကြည်ရေးဆုတံဆိပ်အပ်နှင်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) က ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်မယ်တော် Norodom Monineath Sihanouk အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ချစ်ကြည်ရေးဆုတံဆိပ်အပ်နှင်းခြင်း အခမ်းအနားကို ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဘုရင့်မယ်တော် Norodom Monineath Sihanouk အား နိုဝင်ဘာ ၆ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ချစ်ကြည်ရေးဆုတံဆိပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတံဆိပ်ပေးအပ်ပွဲ အခမ်းအနားကို ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးရုံးအဖွဲ့ဝင် ဝမ်ဟူနင်းလည်း တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) က ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်မယ်တော် Norodom Monineath Sihanouk အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ချစ်ကြည်ရေးဆုတံဆိပ်အပ်နှင်းခြင်း အခမ်းအနားကို ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) က ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်မယ်တော် Norodom Monineath Sihanouk အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ချစ်ကြည်ရေးဆုတံဆိပ်အပ်နှင်းခြင်း အခမ်းအနားကို ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) က ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်မယ်တော် Norodom Monineath Sihanouk အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ချစ်ကြည်ရေးဆုတံဆိပ်အပ်နှင်းခြင်း အခမ်းအနားကို ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်မယ်တော် Norodom Monineath Sihanouk အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ချစ်ကြည်ရေးဆုတံဆိပ်အပ်နှင်းခြင်း အခမ်းအနားကို ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပနေစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ဘုရင့်မယ်တော် Monineath သည် တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး၏ အရေးပါသောသက်သေနှင့် မြှင့်တင်ပေးသူဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ၁၉၅၈ ခုနှစ်က ထိုစဉ်က မင်းသားဖြစ်သော Norodom Sihanouk နှင့်အတူ လိုက်ပါလာစဉ်ကတည်းက တရုတ်နိုင်ငံနှင့် ခိုင်မာသော ချစ်ကြည်ရေးကို ခိုင်မာရန် ကြိုးပမ်းခဲ့ကြောင်း ရှီက ဆုတံဆိပ်ပေးအပ်ပွဲ၌ မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဘုရင့်မယ်တော် Monineath သည် လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကျော်အတွင်း တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုဖြစ်ပေါ်စေရန် ၎င်းကိုယ်တိုင် တက်ကြွစွာနှစ်မြှုပ်ထားခဲ့ပြီး ခေတ်သစ်တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ သက်သေအဖြစ်လည်း တည်ရှိခဲ့ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် လွန်ခဲ့သော ၆၂ နှစ်က သံတမန်ဆက်ဆံရေး ထူထောင်စဉ်ကတည်းက တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမြဲတစေထောက်ခံကာ အကူအညီပေးခဲ့ကြောင်း၊ မချိုးမဖျက်နိုင်သော ခိုင်မာသည့်ချစ်ကြည်ရေးကိုလည်း တိုးတက်ရန်ကြိုးပမ်းခဲ့ကြောင်းနှင့် အေးအတူ၊ ပူအမျှ မဟာဗျူဟာမြောက် အသိုက်အဝန်းတစ်ခု ဖြစ်လာခဲ့ကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။
နှစ်နိုင်ငံ ဆက်ဆံရေးသည် အမျိုးမျိုးသောစမ်းသပ်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း၊ နိုင်ငံအချင်းချင်း ဖလှယ်မှုများ၏ စံပြတစ်ခုဟုခေါ်ဆိုနိုင်ကြောင်း၊ ကမ္ဘောဒီးယား တော်ဝင်မိသားစုက အရေးပါပြီး အစားထိုး၍မရနိုင်သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သမ္မတ ရှီက ပြောခဲ့သည်။

ယခု ဆုတံဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်မယ်တော် Monineath နှင့် ကမ္ဘောဒီးယားပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုအတွက် တရုတ်နိုင်ငံမှ ပြည်သူများ၏ ကြည်ညိုလေးစားမှုကို ကိုယ်စားပြုကြောင်းနှင့် တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် ကြီးမားသော ချမ်းသာသုခနှင့် ချစ်ကြည်ရေးအဓွန့်ရှည်ပါစေကြောင်း သမ္မတ ရှီကျင့်ဖိန်က ဆန္ဒပြုခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်မယ်တော် Monineath က သမ္မတ ရှီကျင့်ဖိန်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ချစ်ကြည်ရေးဆုတံဆိပ် ပေးအပ်ခြင်းသည် တရုတ်နိုင်ငံနှင့် ပြည်သူများက ၎င်းနှင့် ကမ္ဘောဒီးယားပြည်သူများ၏ ချစ်ကြည်ရေးနှင့် ရင်းနှီးမှုကို အပြည့်အဝရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

“ကျွန်မအနေနဲ့ အင်မတန်ပျော်ရွှင်ရပြီး လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ဘုရင့်ခမည်းတော် Norodom Sihanouk နဲ့ တရုတ်နိုင်ငံရဲ့ ယခင်ခေါင်းဆောင်ကြီးများက ကြိုးပမ်းတည်ဆောက်ထားခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံကြား အစဉ်အလာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုကို အမြဲတစေအမှတ်ရနေမှာပါ” ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် CPC နှင့် တရုတ်ပြည်သူများအနေဖြင့် သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.