Connect with us

Politics, Law & Military

လာဘ်စားမှုဖြင့် သံသယရှိထားသူ တစ်ဦးအား အမေရိကန်မှ တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေး

လာဘ်စားမှုဖြင့် သံသယရှိထားသူ ကူအန်း ဝန်ဖန်အား အမေရိကန် နိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးအပ်စဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် အမေရိကန် တာဝန်ရှိသူများ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းအား ကျေးဇူး တုံ့ပြန်သော အားဖြင့် စီးပွားရေး ဆိုင်ရာ မှုခင်း ကျူးလွန်ကြောင်း သံသယရှိထားသူ ကူအန်း ဝန်ဖန်အား ကြာသပတေးနေ့က အမေရိကန် နိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးအပ် လိုက်သည်။

အဆိုပါ အမျိုးသမီးသည် အကျင့်ပျက် ခြစားမှုနှင့် လာဘ်ပေး လာဘ်ယူမှုများ ကျူးလွန်ကြောင်း တရုတ်နိုင်ငံ ဘက်က သံသယရှိထားသူ တစ်ဦး ဖြစ်ပြီး ၂၀၀၁ ခုနှစ်တုန်းက အမေရိကန် နိုင်ငံသို့ ထွက်ပြေးသွားခဲ့သူ ဖြစ်သည်။

စက်တင်ဘာလ ၁၈ ရက်နေ့တုန်းကလည်း တရုတ်နိုင်ငံ၏ အလိုရှိဆုံး စီးပွားရေးနှင့် ဆိုင်သော တရားခံပြေး ရန်ကျင်းကျွံကို အမေရိကန်နိုင်ငံမှ လွှဲပြောင်း ပေးခဲ့ပါသေးသည်။ (Xinhua)