Connect with us

Politics, Law & Military

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး တွင် တရုတ် နိုင်ငံ မှ ပြုလုပ်မည့် ဆောင်ရွက်ချက် များအား ထုတ်ပြန်ကြေညာ

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းထိမ်းမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး တွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် သည် စက်တင်ဘာ ၂၈ ရက်နေ့က အမေရိကန် နိုင်ငံ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး ကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က ငြိမ်းချမ်းမှု သည် လူသားအားလုံး၏ တူညီသော ရည်မှန်းချက် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆောင်ရွက်ချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အတွက် ထိရောက်သော ဆောင်ရွက်မှု များ ဖြစ်စေကြောင်း ၊ ငြိမ်းချမ်းရေး ထိမ်းသိန်း မှု ဆောင်ရွက်ချက်များသည် တိုက်ပွဲဖြစ်ပွားရာ ဒေသ ရှိပြည်သူ များအတွက် ယုံကြည်မှု အားအင် ဖြစ်စေခဲ့ပြီး မျှော်လင့်ချက်များ ရရှိစေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ် နိုင်ငံ သည် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ၏ အခြေခံ စည်းမျဉ်းစည်းကမ်း များကို လိုက်နာ ခဲ့ကြောင်း ၊ ဆက်လက်၍ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း နှင့် Dag Hammarskjöld နိယာမ တို့ကို စောင့်တည် သွားမည် ဖြစ်ကြောင်း ၊ အရေးပေါ် ဆောင်ရွက်မှု များကို မြှင့်တင်သွားပြီး ငြိမ်းချမ်းရေး အတွက် အခွင့်အရေး ပိုမိုရရှိရန် နှင့် လူသား တို့၏ အသက်များအား ကယ်တင် နိုင်ရေး အတွက် အချိန်ပိုမို ရရှိနိုင်ရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ အာဖရိက နိုင်ငံများ အပေါ် ကူညီထောက်ပံ့မှု များကို တိုးမြှင့် သွားရန် လိုအပ်ပြီး အာဖရိက နိုင်ငံ များ၏ ကိုယ်ပိုင် ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်မှု စွမ်းရည် ကို မြှင့်တင် နိုင်ရန် ကူညီ သွားရမည် ဖြစ်ကြောင်း ၊ အာဖရိက နိုင်ငံ များ၏ ၎င်းတို့ကိုယ်ပိုင်ပုံစံ ဖြင့် အာဖရိက နိုင်ငံ ကိစ္စ ရပ်များကို ဖြေရှင်းသွားရ မည်ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ မှ ကုလသမဂ္ဂ အမြဲတန်း အဖွဲ့ဝင် နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်း များဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ် ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်း များအတွက် အဓိက စစ်အင်အား နှင့် ငွေကြေး ထောက်ပံ့ခဲ့သည် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ကုလသမဂ္ဂ ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အရန်အင်အား တပ်ဖွဲ့ အသစ် အတွက် ပထမ ဦးဆုံး ပါဝင် ဆောင်ရွက်သည့် နိုင်ငံ အဖြင့် တပ်ဖွဲ့အင်အား ၈၀၀၀ ပမာဏ ရှိသော အရန်တပ်ဖွဲ့ ဖြင့် ပါဝင် သွားမည် ဖြစ်ကြောင်း ၊ နောင်လာမည့် ၅ နှစ် အတွင်း တရုတ် နိုင်ငံ မှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၂၀၀၀ ကိုလေ့ကျင့်ကာ မိုင်းရှင်းလင်းရေး လုပ်ငန်းများတွင် ပါဝင် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ လာမည့် ၅ နှစ်အတွင်း အာဖရိက အဖွဲ့အစည်း ထံသို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ တန်ဖိုး ရှိသော စစ်ရေး ထောက်ပံငွေ ပေးအပ်ကာ အာဖရိက အရန်စစ်တပ်တပ်ဖွဲ့ နှင့် အရေးပေါ်တပ်ဖွဲ့ တည်ဆောင်မှု အတွက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ကုလသမဂ္ဂ ၏ အာဖရိကရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စခန်း တွင် ရဟတ်ယာဉ် များထောက်ပံ့ သွားမည် ဖြစ်ကြောင်း ၊ တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေ ကိုလည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိန်းမှု လုပ်ငန်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)