Connect with us

Politics, Law & Military

(B&R Forum) ခေတ်သစ်ပိုးလမ်းမကြီးတွင် ပါဝင်မည့်နိုင်ငံများ၏ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ယွမ်ငွေ ၆ဝ ဘီလီယံ ထောက်ပံ့မည်

တရုတ်နိုင်ငံ၌ မေလ ၁၄ ရက်တွင် ကျင်းပလျက် ရှိသော ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုတွင် ပါဝင်မည့် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် နိုင်ငံများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် လာမည့် ၃ နှစ်တာကာလအတွင်း တရုတ်ယွမ်ငွေ ၆ဝ ဘီလီယံ

(အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ) ကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ယနေ့(မေလ ၁၄ ရက်)တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ထုတ်ဖော်ပြောကြားလိုက်သည်။

ခေတ်သစ်ပိုးလမ်းကြီးတစ်လျှောက်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် တရုတ်ယွမ်ငွေ ၂ ဘီလီယံတန်ဖိုးရှိ အရေးပေါ် အစားအစာများကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ၊ တောင်ပိုင်း – တောင်ပိုင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ဖြည့်စွက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်သမ္မတ ရှီ က ပြောကြားလိုက်ခြင်း ဖြစ်သည်။ ( Xinhua)