Connect with us

Politics, Law & Military

ဂျပန် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူ စာတမ်း ၂၀၁၅ အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ လုခန်က အချက် လေးချက်ဖြင့် ထောက်ပြ တုံ့ပြန်

နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်အား သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အစိုးရ ဝန်ကြီးများ အဖွဲ့သည် ၂၀၁၅ ခုနှစ် ကာကွယ်ရေး ဆိုင်ရာ စက္ကူဖြူ စာတမ်းအား အတည်ပြု ထုတ်ပြန်လိုက်သည့် အပေါ် တရုတ်နိုင်ငံ အနေဖြင့် အခိုင်အမာ ဆန့်ကျင် ကန့်ကွက်သည့် အကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ လုခန် က ပြောပါသည်။

အသစ် ထုတ်ပြန်လိုက်သော အဆိုပါ ကြေညာ စာတမ်းသည် အမှန်တရားကို လျစ်လျူရှုထား ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပုံမှန် စစ်ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပင်လယ်ရေကြောင်း လှုပ်ရှားမှုများအပေါ် တာဝန်ယူမှု မရှိတဲ့ မှတ်ချက်များ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအပေါ် စိုးရိမ်မှုတွေနဲ့ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်။

သူထောက်ပြသော အချက် လေးချက်ထဲတွင် ပထမ အချက်အနေဖြင့် တရုတ်နိုင်ငံက အကြမ်းမဖက် သောဖွံ့ဖြိုးမှု လုပ်ငန်းများနှင့် အမျိုးသား ကာကွယ်ရေး ပေါ်လစီများ လုပ်ဆောင်ခြင်းများသည် ကာကွယ်ရေး အတွက် ပုံမှန် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ရည်မှန်းချက်များသည် ပွင့်လင်းမြင် သာမှု ရှိပါသည်။ တရုတ်နိုင်ငံ၏ ကာကွယ်ရေး တပ်အင်အားသည် မျှတပြီး အခြားနိုင်ငံအား ခြိမ်းခြောက် လိုသော ရည်ရွယ်ချက် မရှိဘူးလို့ ဆိုပါသည်။ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေးအား အစဉ်အလေးထား ကြောင်း၊ နှစ်နိုင်ငံ လက်မှတ် ရေးထိုးထားသော နိုင်ငံရေး စာချုပ်စာတမ်းပါ အချက်လေးချက်အပေါ် အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်လို ပါကြောင်း၊ ဂျပန်နိုင်ငံဘက် အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေနိုင် သော အချက်များအား ပယ်ဖျက် ပေးသင့်ကြောင်း ပြောပါသည်။

ဒုတိယ အချက်အနေဖြင့် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း လှုပ်ရှားမှုများသည် နိုင်ငံတကာနှင့် ပြည်တွင်း ဥပဒေများအား အမြဲတမ်း အလေးထားပါသည်။ အရှေ့တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေး သည် တရုတ်နိုင်ငံတော်ပိုင် ရေကြောင်း နယ်နိမိတ်အတွင်း ဆောင်ရွက်သော်ကြောင့် ကျိုးကြောင်း သင့်လျော်ပြီး တရားမျှတသည်ဟု ဆိုပါသည်။ နန်စားကျွန်း နှင့် ကျောက်တန်းများ၌ မြို့စောင့်တပ်အချို့ တည်ဆောက်ခြင်းသည် အခြားနိုင်ငံအပေါ် မည်သည့် သက် ရောက်မှုနှင့် ရည်ရွယ်ချက် မရှိဘဲ တရုတ်နိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာ အာဏာအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောပါသည်။

တောင်တရုတ်ပင်လယ် ကိစ္စတွင်လည်း ဂျပန်နိုင်ငံသည် ကြားဝင်စွက်ဖက်ခြင်း ဖြစ်နေပြီး ဒေသတွင်း ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးအား ထိခိုက်စေနိုင်ကြောင်း၊ ဒါဟာ နှစ်နိုင်ငံ နိုင်ငံရေးနှင့် ယုံကြည်မှုကို လျော့ပါးစေနိုင် ပါသည်။တတိယ အချက်တွင် Diaoyu ကျွန်းသည့် ရှေးကာလ ကတည်းကတရုတ်နိုင်ငံတော်ပိုင်နယ်မြေဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် လိုအပ်သော တိုင်းတာမှုများနှင့် အချုပ်အခြာပိုင် နယ်နိမိတ်အတွင်း ကင်းလှည့် ခြင်းများကတော့ ဆက်ပြီး လုပ်ဆောနဦးမည် ဖြစ်ကြောင်း၊ ယင်းအပေါ် ဂျပန်အနေနှင့် လက်တွေ့မကျသော် စိတ်ကူးယဉ်ဆန်သည့် အတွေးများ ဖယ်ရှားရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ကျွန်တော်တို့အနေဖြင့် တွေ့ဆုံ ဆွေးနွေးမှုများဖြင့် ပြေလည်အောင် ဆောင်ရွက်သွားမည်ဟု ပြောပါသည်။

စတုတ္ထ အနေနဲ့ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းမှု ရရှိရေးသည် လူသားတိုင်း၏ ဆန္ဒဖြစ်ကြောင်း၊ လတ်တလော ကာလများတွင် ဂျပန်အစိုးရသည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တစ်ကြိမ်တစ်ခါမှ မပြုလုပ်ခဲ့ဘူးသည့် ဆောင်ရွက်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံသားများ အပါအဝင် ဒေသတွင်း နိုင်ငံအသီးသီးမှ စိုးရိမ်မှုနှင့် ကန့်ကွက်မှုများ ဖြစ်ပွားစေခဲ့ကြောင်း၊ လက်ရှိ ဂျပန် နိုင်ငံ အနေနှင့် တင်းမာမှုများနှင့် ပဋိပက္ခ ဖြစ်စေမှုများအား ရပ်တန့်ပေးရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးးနှင့် တည်ငြိမ်မှုများအား ပိုပြီး လုပ်ဆောင်သွားကြရန် တိုက်တွန်း လိုပါကြောင်း ပြောရေးဆိုခွင့်ရှိသူ လုခန် ကပြောပါ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.