Connect with us

Politics, Law & Military

(ဆင်ဟွာ)အပြုသဘောဆောင်သော တရုတ်-အမေရိကန် ဆက်ဆံရေး က နှစ်နိုင်ငံလုံး အတွက်သာမက တစ်ကမ္ဘာလုံးအတွက် ပါ အကျိုးရှိစေနိုင်မည်

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် (ညာ)တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်သော အမေရိကန်ပြည်ထောင်စု၏ သမ္မတအသစ်ပြောင်းလဲမှု က ကမ္ဘာ့နိုင်ငံအားလုံးလိုလိုသို့ပင် ဂယက်ရိုက်ခတ်စေခဲ့သည့်အကြောင်းတစ်ရပ်ဟုဆိုရမည်ဖြစ်သည်။ အမေရိကန်သမ္မတ အပြောင်းအလဲကြောင့် မိမိတို့နိုင်ငံနှင့် အင်အားကြီးနိုင်ငံ အကြား နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ဆက်ဆံမှုများတွင်ပြောင်းလဲလာနိုင်မှုရှိမရှိ်၊ အမေရိကန်အစိုးရသစ် အနေဖြင့်မိမိနိုင်ငံအပေါ် သဘောထားဆက်ဆံမှုများ ပြောင်းလဲလာနိုင်မှုရှိမရှိ ကို ကမ္ဘာ့နိုင်ငံတိုင်းလိုကပင် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလ မှသည် အစိုးရသစ်ဖွဲ့စည်းပြီးသည်ထိလေ့လာစောင့်ကြည့်ခဲ့ကြသည်။

အမေရိကန်နှင့် အရေးကြီးသောဆက်ဆံမှုများရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ဆိုလျှင်လည်း နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများမည်သို့ရှိလာနိုင်သည်ကို ကာယကံရှင်နိုင်ငံများ သာမက ကမ္ဘာကပါ စောင့်ကြည့်လေ့ လာလျက်ရှိသည့်ကိစ္စတစ်ရပ်ဖြစ်လာသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တို့အကြား ဖေဖော်ဝါရီ ၁၀ ရက်က ဖုန်းပြောဆိုမှု၌ တရုတ်နိုင်ငံ နှင့် နှစ်နိုင်ငံဆက်ဆံရေးအား သမိုင်းတစ်လျှောက်အကောင်းဆုံး လုပ်ဆောင်ရန် အမေရိကန်အနေဖြင့် အသင့်ရှိနေကြောင်း ထရမ့်၏ ပြောဆိုမှု က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ခုဖြစ်လာခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ ဖုန်းဖြင့် တိုက်ရိုက်ဆွေးနွေးမှုသည် ၂၀၁၆ခုနှစ် နိုဝင်ဘာလ တွင် ပြုလုပ်ခဲ့သော အမေရိကန်သမ္မတရွေးကောက်ပွဲ တွင် ထရမ့် အနိုင်ရရှိပြီးနောက် ဒုတိယမြောက် ဖုန်းပြောဆိုမှု ဖြစ်သည်။

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့သည် လွန်ခဲ့သော ၃၈နှစ် ကတည်းက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံသည် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားကိုလည်း မျှဝေခံစားခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ကြီးထွားလာမှုအား ဆက်လက်ထိန်းသိမ်းသွားလိုကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတို့ အပြင် ပြည်သူနှင့်ပြည်သူအချင်းချင်း ဖလှယ်မှု၊ ယဉ်ကျေးမှု ဖလှယ်မှုများအား ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ အပြန်အလှန် မှီခို၍ လုပ်ဆောင်ခဲ့ကြသည်။

ယင်းကဲ့သို့ ရင်းနှီးစွာဆက်ဆံခြင်း နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း တို့သည် နှစ်ဖက်စလုံးအား အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။

အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုများသည် ၂၀၀၆ခုနှစ် နှင့် ၂၀၁၅ခုနှစ်အတွင်း နှစ်ဆကျော် တိုးတက်လာပြီး အမေရိက၏ ထိပ်ဆုံး ပို့ကုန်ဈေးကွက် ၁၀ခုအနက် အမြန်ဆုံးတိုးတက်မှုရှိသည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း အမေရိကန်-တရုတ် စီးပွားရေးကောင်စီက ဖော်ပြခဲ့သည်။

နှစ်နိုင်ငံ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ က အမေရိကန်နိုင်ငံ တစ်ဝန်းရှိ စက်ရုံအမျိုးမျိုးတွင် အလုပ်နေရာပေါင်း ၂.၆သန်းခန့် ဖန်တီးပေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံ တွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကြောင့် အမေရိကန်သုံးစွဲသူများ အနေဖြင့် ဈေးသက်သက်သာသာဖြင့် ဝယ်ယူသုံးစွဲခွင့်ရရှိခဲ့ကြောင်း ကောင်စီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ထရမ့်၏ မဲဆွယ်ပွဲများအနက် အမေရိကန်ပြည်သူများထံ ပေးခဲ့သော ကတိကဝတ်တစ်ခုမှာ အမေရိကန်နိုင်ငံ၏ ယိုင်နဲ့နေသော အခြေခံအဆောက်အအုံ ကို အဆင့်မြှင့်တင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြစ်၍ အမေရိကန်နိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းက ထရမ့်၏ ကတိကဝတ်အား ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ကိုရီးယားကျွန်းဆွယ် အတွင်း နျူကလီးယားကင်းစင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖျက်မှုတိုက်ဖျက်ရေး၊ အာရှ-ပစိဖိတ် နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ ကဲ့သို့ အဓိကနယ်ပယ်များတွင်လည်း တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အပြန်အလှန် ကူညီကြရန်လိုအပ်လျက်ရှိသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ ၏ ဖုန်းပြောဆိုမှု တွင် ထရမ့်က အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံတည်းမူဝါဒကို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း နှင့် လက်ရှိအမေရိကန်သမ္မတသစ် အနေဖြင့် ကမ္ဘာ့အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ရေး နှင့် ပတ်သက်၍ နိုင်ငံရေးအခြေခံမူဝါဒ ပုံရိပ်ကောင်းတစ်ခုရှိကြောင်း ပြသရန် ၎င်း၏ရပ်တည်ချက်သည် ထိုက်တန်ပါကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ရှိ အခြားသော နိုင်ငံအချင်းချင်း ဆက်ဆံရေးများ ကဲ့သို့ပင် တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့တွင်လည်း မတူညီချက်များ ရှိနေပြီး ယင်းမတူညီချက်များအား ကောင်းမွန်စွာစီမံခန့်ခွဲရန် အတွက် နှစ်ဖက်စလုံးသည် မှန်မှန်ကန်ကန် ဖြင့် အေးချမ်းစွာ နေထိုင်ရမည်ဖြစ်သည်။ ကောင်းမွန်သော အဆုံးသတ်အားရရှိနိုင်ရန် ဆွေးနွေးမှုစကားဝိုင်းသည်သာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သော်လည်း ကံကောင်းစွာပင် နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် ကောင်းမွန်ပြည့်ဝမှုများ ရှိပြီးဖြစ်နေ၍ ပြောင်းလဲမှုများစွာ ပြုလုပ်ရန် မလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။

၁၉၇၂ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် အဖြစ် အမေရိကန်သမ္မတ Richard Nixon ရောက်ရှိလာစဉ်၌ ၎င်းက ဘုံအကျိုးစီးပွားများအတွက် ပူးပေါင်းဆောင်ရွက်မှုပြုနိုင်ရန် ဆက်သွယ်ရေးတံတား မထိုးနိုင်သည့် ကွက်လပ်နေရာလွတ်မရှိကြောင်း ပြောကြားခဲ့သည်။

ထိုသို့ပြောကြားခဲ့ပြီး ၄၅နှစ်အကြာတွင် ယင်းပေါင်းကူးတံတားမှာ တည်ဆောက်ပြီးဖြစ်နေသောကြောင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အခက်အခဲများနည်းပါးသွားပြီဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုများသည် တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့၏ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လေးစားလိုက်နာမှု နှင့် ညှိနှိုင်းဆောင်ရွက်မှု စွမ်းရည်များ အပေါ်မူတည်နေသည့်အတွက်ကြောင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်သော အခန်းကဏ္ဍများကို ထုတ်ဖော်၍ နှစ်နိုင်ငံ အကျိုးစီးပွားအတွက်သာမက ကမ္ဘာ့အကျိုးစီးပွားအတွက်ပါ လုပ်ဆောင်ကြရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.