Connect with us

Politics, Law & Military

တရုတ်တစ်နိုင်ငံတည်းမူဝါဒ အပေါ် အမေရိကန်၏ လေးစားလိုက်နာမှုအား ကျေးဇူးတင်ကြောင်း သမ္မတရှီ ဖုန်းဖြင့်ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် (ဘယ်) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ် ထရမ့် (ညာ) တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ က တရုတ်တစ်နိုင်ငံတည်းမူဝါဒ အပေါ် လေးစားလိုက်နာခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား ကျေးဇူးတင်ရှိပါကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ရှီက ထရမ့် နှင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဖုန်းပြောဆိုမှုအတွင်း ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ သည် တရုတ်-အမေရိကန် ဆက်ဆံရေး ၏ နိုင်ငံရေးအခြေခံအုတ်မြစ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြင့်လာရန် ၊ နှစ်နိုင်ငံ ပြည်သူများ နှင့် ကမ္ဘာ့နိုင်ငံအားလုံးမှ နိုင်ငံသားများအနေဖြင့် အကျိုးအမြတ်အသီးအပွင့်များကို ပိုမိုဆွတ်ခူးနိုင်စေရန် နှစ်နိုင်ငံ ဆက်သွယ်ရေး နှင့် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရာ၌ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ နှင့် အတူတကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က တရုတ်တစ်နိုင်ငံတည်းမူဝါဒ ၏ အရေးပါကို အမေရိကန်အစိုးရက အပြည့်အဝနားလည်ပါကြောင်း နှင့် အမေရိကန်အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား လေးစားလိုက်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)