Connect with us

Politics, Law & Military

တရုတ်က ပထမဆုံး နျူကလီးယားလုံခြုံရေးဆိုင်ရာ အရေးပေါ်လေ့ကျင့်မှုပြုလုပ်

နျူကလီးယားလုံခြုံရေးဆိုင်ရာအရေးပေါ်လေ့ကျင့်မှု တစ်ရပ်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်းတို့၏ လုံခြုံရေးဆိုင်ရာတုံ့ပြန်နိုင်မှုယန္တရားအား စစ်ဆေးရန် နှင့် မြှင့်တင်ရန် အတွက် ပထမဆုံး နျူကလီးယားလုံခြုံရေးဆိုင်ရာ အရေးပေါ်လေ့ကျင့်မှု တစ်ရပ်အား သြဂုတ် ၆ ရက်က ပြုလုပ်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊နည်းပညာ နှင့် စက်မှုလုပ်ငန်း ဦးစီးဋ္ဌာန၏ ပြောကြားချက် အရ သိရသည်။

“ဖွန်းပေါင်-၂၀၁၆” ဟုအမည်ပေးထားသည့် လေ့ကျင့်မှု အား အစီအစဉ် ကြိုတင်ရေးဆွဲထားခြင်း မရှိသလို ရလဒ်ကိုလည်း ကြိုတင်ပြင်ဆင်ထားမရှိကြောင်း၊ နျူကလီးယားလုံခြုံရေး စနစ်၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ခြင်း ဖြစ်ကြောင်း ဦးစီးဋ္ဌာနကပြောကြားခဲ့သည်။
လေ့ကျင့်မှုအား အမျိုးသားကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊နည်းပညာ နှင့် စက်မှုလုပ်ငန်း ဦးစီးဋ္ဌာန ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်သူ တရုတ်နိုင်ငံ အက်တမ်ဆိုင်ရာစွမ်းအင် အာဏာပိုင်အဖွဲ့အစည်း ဒုတိယ ဥက္ကဋ္ဌ ဝမ်ယိရန် က ဦးစီးဦးဆောင်ပြုလုပ်ခဲ့သည်။
အဆိုပါ လေ့ကျင့်မှုအား ဗဟိုအစိုးရဋ္ဌာနများ၊ ဒေသခံအစိုးရများ နှင့် တရုတ်အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်းမှ လာရောက်လေ့လာခဲ့ကြကြောင်း ဦးစီးဋ္ဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.