Connect with us

Politics, Law & Military

တရုတ်နှင့် လာအို နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့အား တရုတ်နိုင်ငံ ပေကျင်းတွင် သြဂုတ်လ ၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့သည် ပေကျင်းမြို့၌ သြဂုတ်လ ၃ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံသည် တရုတ်နိုင်ငံ၏ ရင်းနှီးသည့် အိမ်နီးချင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အမြဲတစေ ခိုင်မာသည့် ထောက်ပံ့မှု ပေးခဲ့သလို မြဲမြံသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအတွက် ကျယ်ပြန့်သော မျှော်လင့်ချက်များရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နှင့် လာအို နှစ်နိုင်ငံကြား ချိတ်ဆက်မည့် ရထားလမ်း တည်ဆောက်ရေးနှင့် စက်မှုဇုန်များ၊ နယ် စပ်ကုန်သွယ်ရေး၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း၊ တရား ဥပဒေ သက်ရောက်မှုရှိရေးနှင့် ပြည်သူ အချင်းချင်း ဖလှယ်ရေး စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဝမ်က ပြောကြားခဲ့ သည်။
ယခုနှစ်သည် တရုတ်နှင့် လာအို သံတမန် ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ် ပြည့်မြောက်သည့် နှစ် ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းတွင် ကြီးမားသည့် အရေးပါမှု တစ်ရပ်လည်း ဖြစ်ကြောင်း လာအို နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
၎င်းက ဆက်ပြီး လာအိုနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ကာလရှည် ကူညီ ထောက်ပံ့ပေးမှုအား ကျေးဇူးတင် ကြောင်း နှစ်နိုင်ငံ သမ္မတများ၏ သဘောတူညီချက်အား တရုတ်နိုင်ငံနှင့်အတူ အကောင်အထည်ဖော်ရန် လာအို အနေဖြင့် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
လာအိုနိုင်ငံသည် ယခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် နိုင်ငံလည်း ဖြစ်သည်။
ထို့ပြင် တရုတ်နှင့် အာဆီယံ ဆွေးနွေးဖက်များအဖြစ် ဆက်ဆံရေး ၂၅ နှစ်ပြည့်မြောက်သည့် အတွက် အထိမ်းအမှတ် အစည်းအဝေး တစ်ရပ် အောင်မြင်စွာ ကျင်းပရန် လိုအပ်ကြောင်း နှစ်နိုင်ငံလုံးက သဘောတူခဲ့သည်။
တရုတ်နိုင်ငံ၏ သံတမန်ရေးရာ၌ အာဆီယံသည် ဦးစားပေးနေရာ၌ ပါဝင်ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာများတွင် တရုတ်နိုင်ငံသည် ကြီးမားသော အခန်းကဏ္ဍ၌ ပါဝင်ခြင်းဖြင့် အာဆီယံအား ထောက်ပံ့ခဲ့ ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.