Connect with us

Politics, Law & Military

တရုတ်ဒုတိယ သမ္မတသည် ဘရူနိုင်း မင်းသမီး အား ဘေဂျင်း၌ လက်ခံတွေ့ဆုံ

ပေကျင်း၌ တွေ့ဆုံခဲ့ကြသည့် တရုတ်ဒုတိယ သမ္မတ နှင့် ဘရူနိုင်း မင်းသမီး တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် သည် ဘရူနိုင်းနိုင်ငံ မင်းသမီး Hajah Masna နှင့် မေလ ၃၁ ရက်တွင် တွေ့ဆုံခဲ့ပြီး မဟာဗျူဟာမြောက် ပူးပေါင်း ဆက်ဆံရေးအား တိုးမြှင့် ဆောင်ရွက်သွားရန် ကတိကဝတ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လီ က နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်ရေးအတွက် ဘရူနိုင်းနိုင်ငံ တော်ဝင်မိသားစု၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ချီးမွမ်းစကား ပြောကြားခဲ့သည်။
၎င်းက နှစ်နိုင်ငံသည် ရင်းနှီးချစ်ကြည်သော သံတမန် ဆက်ဆံရေးကို ကျင့်သုံးခဲ့သည် မှာ ၂၀၁၆ ခုနှစ် တွင် ၂၅နှစ်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘရူနိုင်းနိုင်ငံ နှင့် ပူးပေါင်းကာ နိုင်ငံရေး ယုံကြည်ချက်များ ပိုမို နက်ရှိုင်းလာရေး၊ ရင်းနှီးချစ်ကြည်မှု ပိုမို ခိုင်မာလာရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး စသည့်တို့တွင် ပူးပေါင်း ဆောင်ရွက်ရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
ဘရူနိုင်းနိုင်ငံ မင်းသမီး Hajah Masna က ဘရူနိုင်းနိုင်ငံ သည် တရုတ်နိုင်ငံ နှင့် ချစ်ကြည်ရင်းနှီးစွာ တည်ရှိနေပါကြောင်း နှင့် နှစ်နိုင်ငံသည် ကဏ္ဍအသီးသီးတွင် ဆက်သွယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.