Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ် တိုးတက်မှုနှုန်းအား ၇.၅ရာခိုင်နှုန်းအထိ လျှော့ချမည်

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည်အစည်းအဝေး ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့ (Zhang Yesui) အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း က ကာကွယ်ရေးအသုံးစရိတ် တိုးတက်မှုနှုန်းအား ယခင်နှစ် က ၈.၁ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ခုနှစ်တွင် ၇.၅ရာခိုင်နှုန်း အထိ လျှော့ချသွားမည်ဖြစ်ကြောင်း မတ်လ ၅ရက် တွင် စတင်ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး သို့ တင်သွင်းသော ဘဏ္ဍာရေးအစီရင်ခံစာ မူကြမ်း အရ သိရသည်။

၂၀၁၉ခုနှစ်၏ ကာကွယ်ရေးအသုံးစရိတ်သည် တရုတ်ယွမ် ၁.၁၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၇.၆၁ဘီလီယံ ဒေါ်လာ) ဖြစ်လာမည်ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသော ကိန်းဂဏိန်းများအရ သိရသည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်တိုးတက်မှုနှုန်းသည် ၂၀၁၆ခုနှစ်တွင် ၇.၆ ရာခိုင်နှုန်း၊ ၂၀၁၇ခုနှစ်တွင် ၇ရာခိုင်နှုန်း နှင့် ၂၀၁၈ခုနှစ်တွင် ၈.၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည်အစည်းအဝေး ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့ (Zhang Yesui) က တရုတ်နိုင်ငံ ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုသည် အကြောင်းပြချက်ခိုင်လုံပြီး သင့်လျော်သည်ဟု သတ်မှတ်နိုင်ကြောင်း၊ ယင်းသို့ တိုးမြှင့်ရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးသား လုံခြုံရေး နှင့် တရုတ်သွင်ပြင်လက္ခဏာများ နှင့် အညီ တပ်မတော်အားပြုပြင်ပြောင်းလဲရာတွင် နိုင်ငံ၏ လိုအပ်ချက်များ နှင့် ကိုက်ညီမှုရှိစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)