Connect with us

Politics, Law & Military

နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒနှင့် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို တရုတ်နိုင်ငံက ခိုင်ခိုင်မာမာဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က ဆို

မတ်လ ၅ ရက်က တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) ဒုတိယအကြိမ် အစည်းအဝေးတွင် ၀န်ကြီးချုပ်လီခဲ့ချန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ)

ယနေ့ခေတ်ကမ္ဘာကြီးသည် နှစ်တစ်ရာတွင်တစ်ခါမကြုံရသည့် အပြောင်းအလဲများနှင့် ရင်ဆိုင်နေရ ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက် အစိုးရလုပ်ငန်းအစီရင်ခံရာတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတက်ရေးလမ်းစဉ်ကို မပြောင်းမလဲခိုင်ခိုင်မာမာ လျှောက်လှမ်း သွားမည်ဖြစ်ရာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော တံခါးဖွင့်မဟာဗျူဟာကို လက်ကိုင်ကျင့်သုံးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒနှင့် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာ စနစ်ကို တရုတ်နိုင်ငံက ခိုင်ခိုင်မာမာဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု စနစ်ကို ပြည့်စုံကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သလို ပွင့်လင်းသည့်တံခါးဖွင့် ကမ္ဘာစီးပွားရေးပုံစံကို ခိုင်မာစွာ ထိန်းသိမ်းသွားပြီး လူသားမျိုးနွယ်တို့ ၏ကံကြမ္မာတူအကျိုးတူအသိုက်တစ်ခုကို တွန်းအားပေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က ဆိုသည်။

အဓိကနိုင်ငံကြီးများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၏ဆက်ဆံရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားမည်ဖြစ်ကာ ဖွံ့ဖြိုးဆဲနိုင်ငံ များနှင့် အပြန်အလှန်အကျိုးအမြတ်ဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများနှင့် ဒေသတွင်း အဓိကပြဿနာများ ကို ရင်ဆိုင်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏အပြုသဘောဆောင်သည့် နည်းလမ်း များကို အကြုံပြု ပေးအပ်သွားမည်ဖြစ်ကြောင်း ၊တရုတ်နိုင်ငံက နိုင်ငံအသီးသီးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဘုံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားလိုကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားခဲ့သည်။ (Xinhua)