Connect with us

Politics, Law & Military

“ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုက အေးစက်နေသည့် ကမ္ဘာ့စီးပွားရေးအတွက် အနွေးဓာတ်ဖြည့်သွင်းပေးကြောင်း ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဆင်ဟွာသတင်းဌာနနှင့် China Media Group တို့၏ ပူးတွဲ တွေ့ဆုံမေးမြန်းမှု ကိုဖြေကြားရာတွင် “ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အောက်ပါအတိုင်းပြောကြားခဲ့သည်။

ဝမ်ရိ က ကပ်ရောဂါသည် ကမ္ဘာ့စီးပွားရေးအတွက် ဆိုးရွားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပြီး “ရပ်ဝန်း နှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးအတွက်လည်း အတားအဆီးအချို့ကို ဖြစ်စေခဲ့ကြောင်း ၊ သို့သော် “ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုက ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ အတားအဆီးကို ဆန့်ကျင်၍ ရှေ့သို့ချီတက်နိုင်ခဲ့ကာ တိုးတက်မှုအသစ်များ ရရှိနိုင်ခဲ့ပြီး “ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု ၏ အားကောင်းပြီး ပြုပြင်ပြောင်းလဲခံနိုင်သည့် အချက်ကို ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သော “ရပ်ဝန်း နှင့် ပိုးလမ်းမ” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိ ဗီဒီယိုကွန်ဖရန့် အစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မိန့်ခွန်းပြောကြားရာတွင် “ရပ်ဝန်း နှင့် ပိုးလမ်းမ” အား ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်း ၊ ကျန်းမာရေး၏ လမ်းကြောင်း ၊ ပြန်လည်ထူထောင်ရေး၏လမ်းကြောင်း ၊ တိုးတက်မှု အတွက် လမ်းကြောင်း အဖြစ်တည်ဆောက်သွားရန် အဆိုပြုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း ၏ အတူတကွ လိုလားချက် ကို ထင်ဟပ်စေခဲ့ကာ “ရပ်ဝန်း နှင့် ပိုးလမ်းမ” အတူတကွ အရည်အသွေးမြင့်မားစွာ တည်ဆောက်ရေးအတွက် ဦးတည်ချက်ကို လမ်းညွှန်ပေးနိုင်ခဲ့ကြောင်း ၊ ၂၀၂၀ ပြည့်နှစ် တွင် “ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု တွင် ပါဝင်သည့် မိတ်ဖက်နိုင်ငံများက ကပ်ရောဂါ ဖြစ်ပွားချိန်တွင် အပြန်အလှန် ထောက်ခံအားပေးခဲ့ကြပြီး စည်းလုံးညီညွတ်စွာ ကပ်ရောဂါအား တိုက်ဖျက်ခဲ့ကြကာ အတူတကွ ဖွံ့ဖြိုးတိုးတက်ကြမည့် အေးအတူပူအမျှ ဆက်နွယ်မှုကို ဖော်ပြနိုင်ခဲ့ကြောင်း ၊ တရုတ်-ဥရောပ ရထားခရီးစဉ် က အကြိမ်ပေါင်း တစ်သောင်းကျော် ဥရောပ သို့ ထွက်ခွာနိုင်ခဲ့ပြီး ယခုနှစ် ၏ ဇန်နဝါရီ မှ အောက်တိုဘာ အထိ ဥရောပ သို့ ပို့ဆောင်မှု က ၂၀၁၉ ခုနှစ် တစ်နှစ်လုံး ပို့ဆောင်ခဲ့သည့် ပမာဏထက် ကျော်လွန်ခဲ့ကာ နိုင်ငံအသီးသီး ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အထောက်အကူ ဖြစ်စေသည့် သံမဏိ ကဲ့သို့သော ခိုင်မာသည့် ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်ခဲ့ကြောင်း ၊ “လေကြောင်း ပိုးလမ်းမ” မှ ပို့ဆောင်ခဲ့သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများသည်လည်း တန်ချိန်ပေါင်း ၁,၇၀၀ ကျော် အထိ ရှိပြီး “ကျန်းမာရေး လေကြာင်းလိုင်း” အဖြစ်တည်ဆောက်နိုင်ခဲ့ကြောင်း ၊ ၂၀၂၀ ပြည့်နှစ် ၏ ပထမ ၃ ရာသီ အတွင်း တရုတ်နိုင်ငံ က “ရပ်ဝန်း နှင့် ပိုးလမ်းမ” အဖွဲ့ဝင်နိုင်ငံများအတွက် ငွေကြေးဆိုင်ရာ မဟုတ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ ပြုလုပ်ခဲ့ပြီး ယခင်နှစ် ၏ အလားတူအချိန်ကာလ နှင့် နှိုင်းယှဉ်လျှင် ၃၀ ရာခိုင်နှုန်းတိုးတက် ခဲ့ကြောင်း ၊ “ရပ်ဝန်း နှင့် ပိုးလမ်းမ” ၏ အများစုသော စီမံကိန်းများကို ခိုင်မြဲစွာဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး လုပ်ငန်းရပ်ဆိုင်းမှု မရှိခြင်း နှင့် ဝန်ထမ်းလျှော့ချမှု မရှိခြင်း တို့ဖြင့် အဆက်မပြတ် တွန်းအားပေးဆောင်ရွက်နေကြောင်း ၊ စီမံကိန်းအသစ်များလည်း အဆင်ပြေချောမွေ့စွာ စတင်နိုင်ခဲ့ပြီး အေးစက်နေသည့် ကမ္ဘာ့စီးပွားရေး အတွက် အနွေးဓာတ်ဖြည့်သွင်းပေးနိုင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီး ကပ်ရောဂါ တိုက်ဖျက်ရေး ၊ စီးပွားရေး တည်ငြိမ်မှုရှိရေး နှင့် ပြည်သူလူထု အပေါ် အာမခံချက်ပေးနိုင်ရေး တို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က “ရပ်ဝန်း နှင့် ပိုးလမ်းမ” က အင်အားအလွန်ကောင်းသည်ကို လက်တွေ့က သက်သေပြနိုင်ခဲ့ကြောင်း၊ နိုင်ငံအသီးသီး အတူတကွ “ရပ်ဝန်း နှင့် ပိုးလမ်းမ” တည်ဆောက်ရန် ခိုင်မြဲသည့် ဆုံးဖြတ်ချက်ကို ကပ်ရောဂါ က မတုန်လှုပ်နိုင်စေခဲ့ဘဲ ကပ်ရောဂါ ပြီးဆုံးချိန်တွင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် “ရပ်ဝန်း နှင့် ပိုးလမ်းမ” ၏ တွန်းအားပေး ဆောင်ရွက်မှု က ပိုမိုလိုအပ်မည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ပြည်တွင်းလည်ပတ်မှုကို အဓိကထား၍ ပြည်တွင်းနှင့် ပြည်ပ အပြန်အလှန် တွန်းအားပေးနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်း ကို တက်ကြွစွာ တည်ဆောက်နေကြောင်း ၊ ယင်းဆောင်ရွက်မှု က တရုတ်နိုင်ငံ စီးပွားရေး အရည်အသွေး မြင့်မားစွာ တိုးတက်ဖွံ့ဖြိုးရေး အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး အတူတကွ “ရပ်ဝန်း နှင့် ပိုးလမ်းမ” တည်ဆောက်ရေးအတွက် အားအင်ပိုမို ဖြည့်သွင်းပေးနိုင်မည်ဖြစ်ကာ ပိုမိုကျယ်ပြန့်ကောင်းမွန်သည့် အလားအလာများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ဝမ်ရိ က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူတကွ ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် နှင့် စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် လက်တွေ့လိုအပ်ချက်တို့ကို ပူးပေါင်းကာ “ရပ်ဝန်း နှင့် ပိုးလမ်းမ” ကို တွန်းအားပေးဆောင်ရွက်သွားပြီး နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ နှင့် နက်ရှိုင်းစွာ ချိတ်ဆက်သွားလိုကြောင်း ၊ အပြန်အလှန် ချိတ်ဆက်မှု ၊ လုပ်ငန်းပြန်လည်စတင်မှု နှင့် ကုန်ထုတ်လုပ်မှု ပြန်လည်စတင်နိုင်ရန် တို့အတွက် တွန်းအားပေးကူညီသွားပြီး ကျန်းမာကြံ့ခိုင်ရေး ၊ ဒီဂျစ်တယ်စီးပွားရေး နှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး စသည့် စီးပွားရေး စွမ်းရည်သစ်များကို ရှာဖွေဆောင်ရွက်ကာ “ရပ်ဝန်း နှင့် ပိုးလမ်းမ” အား ပိုမိုအရည်အသွေးမြင့်မားအောင် အတူတကွ တွန်းအားပေးတည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————–
(Chinese Version)
王毅:“一带一路”合作为全球经济寒冬注入暖流
2021-01-02 08:35:48 分类: 政治法律
  新华社北京1月2日电近日,国务委员兼外交部长王毅接受新华社和中央广播电视总台联合采访,谈及“一带一路”合作。
  王毅表示,疫情给世界经济造成严重冲击,也给共建“一带一路”带来一些困扰。但“一带一路”合作不仅没有止步,反而逆势前行,又取得了新的进展,展现出强劲韧性。
  2020年6月,习近平主席向“一带一路”国际合作高级别视频会议发表重要致辞,提出要把“一带一路”打造成为合作之路、健康之路、复苏之路、增长之路,反映了国际社会的共同愿望,也为高质量共建“一带一路”指明了方向。2020年,“一带一路”合作伙伴在疫情中相互支持,缔结起团结抗疫、共同发展的“命运纽带”。中欧班列开行突破1万列,前十个月运量已超过2019年全年,成为助力各国抗疫的“钢铁运输驼队”。“空中丝绸之路”运送超过1700吨中国援助医疗物资,搭建起“空中生命通道”。2020年前三季度,中国对“一带一路”国家非金融类直接投资达130亿美元,同比增长了近30%。大多数“一带一路”项目坚持不停工不裁员,持续推进,一批新项目顺利启动,为全球经济寒冬注入了一股暖流,为各国抗疫情、稳经济、保民生作出了积极贡献。
  事实证明,“一带一路”具有强大生命力,疫情并没有撼动各方携手共建“一带一路”的决心,后疫情时期更需要“一带一路”为世界提供发展动力。中国正在积极构建以国内大循环为主体、国内国际双循环相互促进的新发展格局,这将有助于推动中国经济实现高质量发展,也将为共建“一带一路”提供更强动力、更大空间、更优路径。
  我们愿同各方一道,结合各国战胜疫情和经济复苏的现实需要,推动“一带一路”同各国发展战略深度对接,助力互联互通和复工复产,挖掘生命健康、数字经济、绿色发展等经济新动能,推动共建“一带一路”向更高质量迈进。(完)

photo
5月24日,十三届全国人大三次会议在北京人民大会堂新闻发布厅举行记者会,邀请国务委员兼外交部长王毅就中国外交政策和对外关系回答中外记者提问。为有效防控疫情,共同维护公共卫生与健康,记者会采用网络视频形式进行。 新华社记者 李贺 摄