Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဗီယက်နမ်သို့ ရောက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတကတော် ဖျိန်လိယွမ်တို့အား ဗီယက်နမ် နိုင်ငံ အကြီးတန်းအရာရှိက လာရောက် ကြိုဆိုစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အိမ်နီးချင်း ဗီယက်နမ် နိုင်ငံသို့ နှစ်ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် စတင်ထွက်ခွာလာသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်းမြို့သို့ နိုဝင်ဘာလ ၅ ရက်နေ့ (ကြာသပတေးနေ့) တွင် ရောက်ရှိခဲ့ သည်။

တရုတ်နိုင်ငံ အကြီးအကဲ နှင့် တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ အနေဖြင့် ယခု ခရီးစဉ်မှာ ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး လာရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။

ရှီ လိုက်ပါစီးနင်းလာသော လေယာဉ်သည် နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသ စံတော်ချိန် နံနက် ၁၁း၅၀ နာရီ အချိန်တွင် ရောက်ရှိခဲ့သည်။

ရှီနှင့်အတူ လိုက်ပါလာသည့် သမ္မတကတော် ဖျိန်လိယွမ် နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား ဗီယက်နမ် ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ၏ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် Dih The Huynh က ကြိုဆိုခဲ့ ပါသည်။

“ဒီခရီးစဉ်ဟာ ကျွနု်ပ်တို့၏ ရင်းနှီးမှု အစဉ်အလာ၊ ကျွနု်ပ်တို့ ဆက်ဆံရေး၏ အနာဂတ် ဖွံ့ဖြိုးမှု အစီအစဉ်များနှင့် တရုတ်-ဗီယက်နမ် ကျယ်ပြန့်သော မိတ်ဖက် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု အဆင့်သစ် မြှင့်တင်ခြင်း များမှာ အကူအညီ ဖြစ်စေပါမယ်” ဟု ခရီးစဉ် ရောက်ရှိပြီးချင်း ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတရှီက ပြောကြား လိုက်သည်။
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး စတင်ခဲ့သည့် ၆၅ နှစ်အကြာ ကတည်းက တည်ရှိခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေး ပြေပြစ်စွာ ဖွံ့ဖြိုးမှုအား ချီးကျူးလိုက်ပြီး မိတ်ဖက် ဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံ ပြည်သူများ၏ လက်တွေ့ကျ သော အကျိုးစီးပွားများနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝ ချမ်းသာမှုများအား ယူဆောင်ပေး နိုင်မည် ဖြစ်ကြောင်း သူကပြောသည်။
နှစ်ရက်တာ ခရီးစဉ်အတွင်း ရှီသည် ဗီယက်နမ်နိုင်ငံ သမ္မတ တရုမ် တန်ဆန်၊ CPV ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူး ငုယင် ဖူထရုန်၊ ဝန်ကြီးချုပ် ငူယင် တန်ဒန်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ငုယင် ရှင်းဟွန် တို့နှင့်တွေ့ဆုံမည် ဖြစ်သည်။
ထို့ပြင် ရှီသည် အနာဂတ် တရုတ်-ဗီယက်နမ် ဆက်ဆံရေး မည်သို့ မြှင့်တင်မည်နည်း ဆိုသည့်အကြောင်းအား ဗီယက်နမ် လွှတ်တော်၌ မိန့်ခွန်း ပြောကြားရန်လည်း ရှိသည်။
ပါတီအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု၊ အခြေခံ အဆောက်အအုံ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊
ယဉ်ကျေးမှုနှင့် ပညာရေး နယ်ပယ်များတွင် သဘောတူညီမှုများ လက်မှတ် ရေးထိုးရန်လည်း မျှော်လင့်ထား သည်။
သမ္မတ ရှီ လာရောက်ခြင်းသည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ၆၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်မည့် အချိန်လည်းဖြစ်သည်။
“သမ္မတ ခရီးစဉ်ဟာ အရေးပါတဲ့ ရလဒ်တွေ ယူဆောင်လာပြီး နှစ်နိုင်ငံ ပြည်သူတွေအတွက် ဝမ်းမြောက်မှုတွေ သယ်ဆောင် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဗီယက်နမ်-တရုတ် ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ Bui Hong Phuc က ဆင်ဟွာသို့ ပြောသည်။
တရုတ်နိုင်ငံသည် ၁၁ နှစ်တာ ဆက်တိုက် ကာလအတွင်း ဗီယက်နမ်၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သလို ဗီယက်နမ် နိုင်ငံကလည်း တရုတ်နိုင်ငံ၏ အာဆီယံ မိတ်ဖက်နိုင်ငံများ အနက် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။ (Xinhua)