Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ဗီယက်နမ် နိုင်ငံ နှင့် စင်ကာပူ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် ပေကျင်းမြို့မှ ထွက်ခွာ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗီယက်နမ် သမ္မတ Truong Tan Sang တို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ် နိုင်ငံ နှင့် စင်ကာပူ နိုင်ငံ သို့ ချစ်ကြည်ရေး အလည်ခရီး သွားရောက်ရန် အထူး လေယာဉ် ဖြင့် နိုဝင်ဘာ လ ၅ ရက်နေ့ နံနက်ပိုင်း တွင် ပေကျင်း မြို့မှ စတင်ထွက်ခွာ ခဲ့ကြောင်း သိရှိခဲ့ရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အတွင်းရေးမှူးချုပ် Nguyen Phu Trong နှင့် ဗီယက်နမ် သမ္မတ Truong Tan Sang တို့၏ ဖိတ်ကြား ချက်အရ ဗီယက်နမ် နိုင်ငံသို့ နိုဝင်ဘာလ ၅ ရက်နေ့ မှ ၆ ရက်နေ့ အထိ ဗီယက်နမ် နိုင်ငံတွင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက် လည်ပတ် မည် ဖြစ်ပြီး စင်ကာပူ နိုင်ငံ သမ္မတ Tony Tan ၏ ဖိတ်ကြားချက် အရ နိုဝင်ဘာလ ၆ ရက်နေ့ မှ ၇ ရက်နေ့ အထိ စင်ကာပူ နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် နှင့် အတူ တရုတ် ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေး ဗျူရို ကော်မတီဝင် ၊ ဗဟို စီမံကိန်း သုတေသန ဌာန ဌာနမှူး ဝမ်ဟူနင်း ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေး ဗျူရို ကော်မတီဝင် ၊ ဗဟို အလုပ်ရုံး ဌာန ဌာနမှူး လိကျန့်ဆူး ၊ နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချိ နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဌာနမှူး ဝမ်ကြားလွေ့ တိ့ု အတူတကွ လိုက်ပါ သွားခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)