Connect with us

Politics, Law & Military

ကုန်သွယ်ရေးနှင့် စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေး တရုတ် နိုင်ငံနှင့် အာရပ် ပင်လယ်ကွေ့ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အကြီးအကဲနှင့် တရုတ် နိုင်ငံ သမ္မတ ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အာရပ် ပင်လယ် ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အထွေထွေ အတွင်းရေးမှူး အဗ္ဗဒ္ဒူ လာတိဖ်ဗင် ရာရှစ် အယ်လ် ဇာယန်နီတို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရပ် ပင်လယ် ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ (GCC) အထွေထွေ အတွင်းရေးမှူး အဗ္ဗဒ္ဒူ လာတိဖ် ဗင် ရာရှစ် အယ်လ် ဇာယန်နီ နှင့်တွေ့ဆုံ၍ ကုန်သွယ်ရေးနှင့် စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ရန် နှစ်နိုင်ငံ ဆွေးနွေး သဘောတူညီခဲ့ကြောင်း သိရသည်။

သမ္မတရှီက နှစ်ဦးနှစ်ဘက်လုံး အနေဖြင့် အခြေခံ အဆောက်အအုံ၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ လေကြောင်း လုပ်ငန်းနှင့် နျူကလီးယားနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် စသည့်ကဏ္ဍများ၌ နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ကြရန် အကြံပြုခဲ့သည်။

တရုတ်- GCC အကြား လွတ်လပ်သော ကုန်သွယ်မှု ဒေသဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည် စတင်ခြင်းနှင့် အလားအလာ များအား သမ္မတ ရှီက ကြိုဆိုခဲ့သလို ယင်း လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ အား ဆောလျင်စွာ စတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

GCC အဖွဲ့ဝင်များ အနေဖြင့်လည်း တရုတ်နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း GCC ၏ အထွေထွေ အတွင်းရေးမှူး အဗ္ဗဒ္ဒူ လာတိဖ်ဗင် ရာရှစ် အယ်လ် ဇာယန်နီက ပြောသည်။

လွတ်လပ်သော ကုန်သွယ်မှု ဆွေးနွေးမှုများအား အဆင့်မြှင့်တင်ရန်နှင့် ကုန်စည်များ ကုန်သွယ်ရာတွင် ထင်သာ မြင်သာရှိသည့် လုပ်ဆောင်မှုများအား မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း GCC အနေဖြင့် တရုတ်နိုင်ငံ ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းတွင် ပိုမို ပူးပေါင်း ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ဇာယန်နီက ဖြည့်စွက် ပြောကြားခဲ့သည်။

သမ္မတရှီသည် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများနှင့် ရင်းနှီးပြီး လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် အီရန် စသည့် သုံးနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လည်ပတ်နေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.