Connect with us

Politics, Law & Military

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း ထိပ်သီးအစည်းအဝေး အောင်မြင်ရေး ပူးတွဲ ကြိုးပမ်းကြမည်

၂၀၁၇ ခုနှစ်တွင် ကာဇက်စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သော SCO ထိပ်သီးအစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (Shanghai Cooperation Organization) အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဇွန်လတွင် Qingdao ဆိပ်ကမ်းမြို့၌ ပြုလုပ်မည့် SCO ထိပ်သီးအစည်းအဝေး ပြင်ဆင်မှုများအတွက် ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဖေဖော်ဝါရီလ ၁၄ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အဆိုပါ အစည်းအဝေးအား ဒေသဆိုင်ရာ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုဆီသို့ မောင်းနှင်အားသစ်တစ်ရပ်အဖြစ် အောင်မြင်မှုရရှိစေရန် ဆက်စပ်နိုင်ငံများနှင့်အတူ အတူတကွ လုပ်ဆောင်လိုကြောင်း Geng က ပြောခဲ့သည်။

ယင်း အစည်းအဝေးသို့ ရုရှားနိုင်ငံ သမ္မတသစ် တက်ရောက်ရန် မျှော်လင့်ပါသလားဟူသော သတင်းများနှင့် ပတ်သက်၍ Geng က ရုရှားနိုင်ငံ သမ္မတသစ် တက်ရောက်ရန် တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း၊ ရုရှားနိုင်ငံသည် SCO ၏ အရေးကြီးသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံတွင် မတ်လ ၁၈ ရက်တွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိ သမ္မတ ဗလာဒီမာပူတင် အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ သမ္မတများသည် နှစ်စဉ် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်ရှိကြောင်းနှင့် နှစ်နိုင်ငံ သို့မဟုတ် တွေ့ဆုံခြင်းများ၊ သဝဏ်လွှာများနှင့် ဖုန်းခေါ်ဆိုမှုများမှတစ်ဆင့် ရင်းနှီးသည့် ဆက်ဆံရေးအား ထိန်းသိမ်းထားလျက်ရှိကြောင်း Geng က ဆိုသည်။

၎င်းက ဆက်၍ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံ အဆင့်မြင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရင်းနှီးစွာ ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.