Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အချုပ်အခြာပိုင် နယ်မြေအား ထိပါးနေမှုအပေါ် ဂျပန်ဘက်မှ ရပ်တန့်ပေးရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပိုင် Diaoyu ကျွန်းအား ဂျပန်က ပိုင်ဆိုင်ကြောင်း အချက်အလက် တစ်ချို့အား ဂျပန်နိုင်ငံ အစိုးရအဖွဲ့ အတွင်းရေးမှူး ရုံး၏ ဝက်ဘ်ဆိုဒ်တွင် သတင်းဖြန့်ဝေ ခဲ့မှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ အနေဖြင့် ရန်စမှု အားလုံးကို ရပ်တန့်ပေးရန် တရုတ်နိုင်ငံက တိုက်တွန်း ပြောကြား လိုက်ပါသည်။

Diaoyu နှင့် ဆက်ဆပ်လျက်ရှိတဲ့ ကျွန်းများသည် ရှေးယခင်နှစ်များ ကတည်းက တရုတ်နိုင်ငံ၏ ဘိုးဘွားပိုင်မြေများ ဖြစ်ကြောင်း ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် ကသောကြာနေ့ ညတွင် ပြောပါသည်။

ဂျပန်အနေနှင့် မည်သို့ပင် တရားမဝင် ထုတ်လွှင့်ချက်များ ရှိစေကာမူ Diaoyu ကျွန်းအား တရုတ်ပိုင်ဆိုင်သည် ဆိုသော အချက်ကတော့ ပြောင်းလဲသွားမည် မဟုတ်ကြောင်း ဟွာချွမ်းရင် ကပြောသည်။

သူကဆက်ပြီး ဂျပန်အနေဖြင့် သမိုင်းကြောင်း ကိုလက်ခံရန်၊ အဖြစ်မှန်ကို လေးစား တန်ဖိုးထားရန်နှင့် တရုတ်ပိုင် နယ်နိမိတ်အား ထိပါးသည့် ထုတ်လွှင့်ချက်များအား ရပ်တန့်ပေးရန် တိုက်တွန်းထားသည်။ (Xinhua)