Connect with us

Politics, Law & Military

မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း မစ္စတာ ယန်ဟို့လန် မှ တရုတ်-ဂျပန်-တောင်ကိုးရီးယား ၃ နိုင်ငံ ပူးပေါင်းဆက်ဆံရေးဌာန အထွေထွေ အတွင်းရေးမှူး တာဝန် ထမ်းဆောင်မည်

မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း မစ္စတာ ယန်ဟို့လန် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ယခင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့သည့် မစ္စတာ ယန်ဟို့လန် သည် တရုတ်-ဂျပန်-တောင်ကိုးရီးယား ၃ နိုင်ငံ ပူးပေါင်း ဆက်ဆံရေးဌာန အထွေထွေ အတွင်းရေးမှူး တာဝန် ကို ထမ်းဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။

တောင်ကိုးရီးယား နိုင်ငံ ၏ မြို့တော် ဆိုးလ်မြို့ရှိ တရုတ်-ဂျပန်-တောင်ကိုးရီးယား ၃ နိုင်ငံ ပူးပေါင်း ဆက်ဆံရေး ဌာန တွင် သြဂုတ်လ ၂၇ ရက်က ရာထူးလွှဲပြောင်းခန့်အပ်ခြင်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲ သို့ လက်ရှိ အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီး Iwatani Shigeo နှင့် ဇနီး ၊ အထွေထွေ အတွင်းရေးမှူး တာဝန် လွှဲပြောင်း တာဝန်ယူမည့် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် နှင့် ဇနီး တို့ တက်ရောက်ခဲ့ကြပြီး အခြား သံအမတ်ကြီးများ ၊ ဧည့်သည်တော် များ ၊ စီးပွားရေး ကဏ္ဍ ၊ ပညာရေး ကဏ္ဍ နှင့် မီဒီယာ ကဏ္ဍ များမှ အယောက် ၂၀၀ ခန့် အခမ်းအနား သို့ တက်ရောက် ခဲ့ကြသည်။

သံအမတ်ကြီး ယန်ဟို့လန် မှ မိန့်ခွန်း ပြောကြားရာ တွင် အတူတကွ ကြိုးပမ်းဆောင်ရွက်မှု များကြောင့် တရုတ်-ဂျပန်-တောင်ကိုးရီးယား ၃ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု သည် လမ်းကြောင်း မှန်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း ၊ တတိယ မြောက် အထွေထွေ အတွင်းရေးမှူး တာဝန် ကို ထမ်းဆောင် ရ သဖြင့် အရေးကြီး သောတာဝန် တစ်ရပ် ကို ထမ်းဆောင် ရမည်ကို သိရှိရကြောင်း ၊ မိမိ အနေဖြင့် ၃ နိုင်ငံ ပူးပေါင်းဆက်ဆံရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ပြီး အရှေ့အာရှ ဒေသ တည်ငြိမ် ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-ဂျပန်-တောင်ကိုးရီးယား ၃ နိုင်ငံ ပူးပေါင်း ဆက်ဆံရေးဌာန သည် သက်ဆိုင်ရာ နိုင်ငံ ၃ နိုင်ငံ ၏ အစိုးရ ခွင့်ပြုချက် ဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ တွင် တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့ တွင် တည်ထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဌာန တစ်ခုဖြစ်သည်။ ယခင် အထွေထွေ အတွင်းရေးမှူး တာဝန်များ ကို တောင်ကိုးရီးယား နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့မှ တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ တရုတ် နိုင်ငံ မှ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် မှ တတိယ မြောက် အထွေထွေ အတွင်းရေးမှူး တာဝန်အား လွှဲပြောင်း တာဝန်ယူသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.