Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ထိုင်ဝမ် ဒေသရှိ ကဏ္ဍ အသီးသီမှ ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ လျန်ကျမ့် အပါအဝင် ထိုင်ဝမ် ဒေသရှိ ကဏ္ဍ အသီးသီးမှ ကိုယ်စားလှယ်များ အား ပေကျင်းမြို့ရှိ ပြည်သူ ခန်းမကြီး၌ တွေ့ဆုံ ခဲ့စဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယ ကမ္ဘာစစ် အောင်ပွဲနှစ် ၇၀ ပြည့် အခမ်းအနား တက်ရောက်ရန် ရောက်ရှိလာသည့် ထိုင်ဝမ်နိုင်ငံရေးသမားဟောင်း လျန်ကျမ့် အပါအဝင် ထိုင်ဝမ် ဒေသရှိ ကဏ္ဍ အသီးသီးမှ ကိုယ်စားလှယ် များအား စက်တင်ဘာလ ၁ ရက်နေ့တွင် ပေကျင်း မြို့ရှိ ပြည်သူ့ခန်းမကြီး၌ လက်ခံတွေ့ဆုံ ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်မှ တရုတ် ပြည်သူများ ဖက်ဆစ် ဂျပန် တော်လှန်ရေး စစ်ပွဲ အောင်မြင် ခဲ့ခြင်းသည် တရုတ် တစ်မျိုးသားလုံး ၏ ပြည်ပ ကျူးကျော်သူ များအား အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့သည့် စစ်ပွဲ ဖြစ်ခဲ့ပြီး ထိုင်ဝမ် ပြည်သူလူထု များအပါအဝင် အတူတကွ စုပေါင်းတိုက်ခိုက် ခဲ့သည့် အောင်မြင်မှု ရလဒ် တစ်ခု ဖြစ်ကြောင်း ၊ ထိုင်ဝမ် ရေလက်ကြား ဒေသ နှစ်ခုရှိ တစ်မျိုးသားလုံးမှ ဤသမိုင်း ဖြစ်ရပ်ကို မှတ်သား၍ အတူတကွ လက်တွဲကာ ထိုင်ဝမ် ရေလက်ကြား ဒေသနှစ်ခု ဆက်ဆံရေး တည်ငြိမ် တိုးတက်မှု ရရှိရန် ဆောင်ရွက် ကာ တရုတ် တစ်မျိုးသားလုံး၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် သွားကြရန် အထူး ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန်မှ ထိုင်ဝမ် ဒေသရှိ ပြည်သူ တို့လည်း အမိ နိုင်ငံတော် ဖြစ်သည့် တရုတ် နိုင်ငံနှင့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း ၊ ဂျပန် နိုင်ငံမှ ထိုင်ဝမ် ဒေသအား ရာစုနှစ် တစ်ဝက်ခန့် ကိုလိုနီ ပြုလုပ် အုပ်ချုပ်ခဲ့ပြီး သိန်းနှင့်ချီသော ထိုင်ဝမ် ပြည်သူများမှ ဖက်ဆစ် ဂျပန် တော်လှန်ရေး စစ်ပွဲ အတွက် အသက်ဆုံးရှုံး ခဲ့ရကြောင်း ၊ ဂျပန် တော်လှန်ရေး စစ်ပွဲကြီး စတင်ခဲ့ချိန်တွင် ထိုင်ဝမ် ဒေသရှိ ပြည်သူ များမှ တက်ကြွစွာ ပါဝင်ခဲ့သဖြင့် ဂျပန် နိုင်ငံ၏ နှစ် ၅၀ ကြာ ကိုလိုနီ အုပ်ချုပ်မှုမှ လွတ်မြောက် နိုင်ခဲ့ပြီး အမိ နိုင်ငံ ဖြစ်သည့် တရုတ် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထိုင်ဝမ် နိုင်ငံရေး သမားဟောင်း လျန်ကျမ့်မှ ထိုင်ဝမ် ရေလက်ကြား နှစ်ဒေသရှိ ပြည်သူများသည် တူညီသည့် တရုတ် လူမျိုးများ ဖြစ်ကြကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် အတူတကွ တိုက်ပွဲဝင် ခဲ့သည့် ဂျပန် တော်လှန်ရေး စစ်ပွဲ အောင်မြင်ခြင်းကို အထိမ်းအမှတ် ပြုလုပ်ရမည် ဖြစ်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် “၁၉၉၂ သဘောတူညီချက်” ကို ခိုင်မာစွာ လိုက်နာ သွားပြီး ထိုင်ဝမ် ခွဲထွက်ရေး မူဝါဒကို ဆန့်ကျင်ကာ အတူတကွ တိုးတက် အောင်မြင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ရွက် သွားမည် ဟု ပြောကြားခဲ့သည်။ (Xinhua)