Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲ ထျန်းအန်းမင် ရင်ပြင်၌ ကျင်းပ

တရုတ်နိုင်ငံ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပမည့် ပေကျင်းမြို့ရှိ ထျန်းအန်းမင် ရင်ပြင်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အကြီးတန်း အရာရှိများသည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင် ရင်ပြင်၌ ပြုလုပ်သော အမျိုးသား အာဇာနည် သူရဲကောင်းများအား အောက်မေ့ သတိရခြင်း အခမ်းအနားသို့ တက်ရောက်၍ ကျဆုံးသွားသော အာဇာနည်များအား ဂုဏ်ပြုခဲ့ပါသည်။

စစ်မှုထမ်းဟောင်းများ၊ အာဇာနည် မိသားစုဝင်များနှင့် သက်ရှိထင်ရှား ရှိနေသော အာဇာနည်များ၏ ကိုယ်စားလှယ်များ အားလုံး နိုင်ငံ၏ အမျိုးသားနေ့ အကြိုနေ့လည်းဖြစ်သော အာဇာနည်နေ့တွင် ထျန်းအန်းမင် ရင်ပြင်မှာ စုဝေး ရောက်ရှိနေကြသည်။

အာဇာနည် ဆိုသည်မှာ နိုင်ငံ့ လွတ်လပ်ရေးနှင့် အကျိုးစီးပွား အတွက် မိမိ၏ အသက်အား ပေးဆပ်ထားသူများ ဖြစ်ကြသလို ခေတ်သစ်ကာလ သို့မဟုတ် ပထမ ဘိန်းစစ်ပွဲ (၁၈၄၀-၁၈၄၂) ပြီးနောက်ပိုင်း ပြည်သူလူထု သက်သာ ချောင်ချိရေးအတွက် လုပ်ဆောင်သူများကို ဆိုလိုကြောင်း အစိုးရက အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

တရုတ်နိုင်ငံ၌ အားဇာနည် ဦးရေ အနည်းဆုံး သန်း ၂၀ ရှိပါသည်။တရုတ်နိုင်ငံ ထိပ်တန်း ဥပဒေပြု လွှတ်တော်က စက်တင်ဘာလ ၃၀ အား အာဇာနည်နေ့ အဖြစ် မနှစ်က သတ်မှတ်ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.