Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် အောင်မြင်ပြည့်စုံ စေရန် တရုတ်-ဗြိတိန် နှစ်နိုင်ငံ မှ ပူးပေါင်းဆောင်ရွက်မည်

တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Philip Hammond တို့ စက်တင်ဘာ ၂၉ ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက် ၌ တွေ့ဆုံ ခဲ့စဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၂၉ ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက် တွင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Philip Hammond နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန်နိုင်ငံ လည်ပတ်ရေး ခရီးစဉ် နှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ဝမ်ရိ မှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာလ တွင် Elizabeth II ဘုရင်မ ၏ ဖိတ်ကြားချက် အရ ဗြိတိန် နိုင်ငံသို့ တရားဝင် လည်ပတ်ရေး ခရီးသွား ရောက်မည် ဖြစ်ကြောင်း ၊ ယခု လည်ပတ်ရေး ခရီးစဉ် မှ တရုတ်-ဗြိတိန် နှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပြ သဖွယ် ဖြစ်လာမည် ဖြစ်ပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု အတွက် ရေရှည် အစီအစဉ် များကိုဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ၊ လက်တလော ကာလ တွင် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင် များ သည် အနီးကပ် ဆက်ဆံမှု များရှိခဲ့ပြီး တရုတ်-ဗြိတိန် တတိယ အကြိမ်မြောက် အဆင့်မြင့် ယဉ်ကျေးမှု ဖလှယ်ခြင်း ဆွေးနွေးပွဲ ၊ ၇ ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေး နှင့် ငွေကြေး ဆိုင်ရာ ဆွေးနွေးပွဲ ၊ တရုတ်-ဗြိတိန် မဟာဗျူဟာ ဆွေးနွေးပွဲ စသည့် ဆောင်ရွက်မှု များသည် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် လည်ပတ်ရေး ခရီးစဉ် အတွက် ကောင်းမွန်သော ပြင်ဆင်မှုများ ဖြစ်စေ ခဲ့ကြောင်း ၊ နှစ်နိုင်ငံ လုပ်ငန်း ဆောင်ရွက်မှု အဖွဲ့ များမှ အတူတကွ ကြိုးပမ်းကာ ယခု သွားရောက် လည်ပတ်မည့် ခရီးစဉ် မှ အောင်မြင်မှု များစွာ ရရှိ နိုင်ရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Philip Hammond မှ ဗြိတိန် နိုင်ငံ အနေဖြင့် လာမည့်လတွင် ဗြိတိန် နိုင်ငံ သို့ လာရောက်လည်ပတ်မည့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား လွန်စွာ စောင့်မျှော် ကြိုဆိုနေကြောင်း ၊ ကြိုတင် ပြင်ဆင်မှု များကို လည်း အရှိန်မြှင့် လုပ်ဆောင် သွားမည် ဖြစ်ပြီး ယခု အကြိမ် လည်ပတ်ရေး ခရီးစဉ် မှ နှစ်နိုင်ငံ ဆက်ဆံရေး အဆင့် တိုးမြှင့် နိုင်ရန် မျှော်လင့်ကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ၊ ဘဏ္ဍာရေး ၊ ရင်းနှီးမြှုပ်နှံမှု ၊ အခြေခံ အဆောက်အဦး တည်ဆောက်မှု စသည့် နှစ်နိုင်ငံ ဒေသတွင်း အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို တွန်းအား ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)