Connect with us

Politics, Law & Military

နီပေါ၏ ဝန်ကြီးချုပ်သစ် ရွေးကောက်ခြင်းအပေါ် တရုတ်ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြား

နီပေါ၏ ဝန်ကြီးချုပ်သစ် အဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် Pushpa Kamal Dahalအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် Pushpa Kamal Dahal (ဝါ) Prachanda ထံသို့ တရုတ်နိုင်ငံက သြဂုတ် ၄ ရက် တွင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က တရုတ်နိုင်ငံသည် နီပေါနိုင်ငံ နှင့် ရင်းနှီး ချစ်ကြည်စွာ ဆက်ဆံနေသည့် အိမ်နီးချင်းနိုင်ငံ တစ်ခု ဖြစ်ကြောင်း၊ များစွာသော သဘောတူညီချက်များအား နီပေါနိုင်ငံ နှင့် ချိတ်ဆက်၍ ပြီးမြောက်အောင်ဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် အဆင်သင့်ရှိနေပါကြောင်း နှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့လုပ်ဆောင်နေပါကြောင်း ပြောကြားခဲ့သည်။
၎င်းက တရုတ်နိုင်ငံသည် နီပေါနိုင်ငံ နှင့် မဟာဗျူဟာမြောက် ပူးပေါင်း၍ လက်တွဲဆောင်ရွက်မှုများကို ရှေ့ဆက် တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နီပေါနိုင်ငံ ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ Dahal သည် သြဂုတ် ၃ ရက်တွင်ပြုလုပ်ခဲ့သည့် နီပေါဝန်ကြီးချုပ် ရွေးကောက်ပွဲ၌ ၃၉ယောက်မြောက် နီပေါဝန်ကြီးချုပ် အဖြစ်ရွေးချယ်တင်မြှောက်ခံရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.