Connect with us

Latin America

အိမ်ဖြူတော် အနီးတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ အိမ်ဖြူတော် အား ပိတ်ထားခဲ့ရာမှ ပြန်လည် ဖွင့်လှစ်

သေနတ်ကိုင်ဆောင်ထားသူအား တားဆီးရန် အိမ်ဖြူတော် ခေါင်မိုးပေါ်၌ သေနတ်သမားများ နေရာယူနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိမ်ဖြူတော် အနီးတွင် မေလ ၂၀ ရက် နေ့လည်က တရားမဝင် သေနတ် ကိုင်ဆောင် ထားသည့် အမျိုးသား တစ်ဦးအား လုံခြုံရေး တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တားဆီး ပြီးနောက် ဝင်ခွင့် ပိတ်ထားသည့် အိမ်ဖြူတော်အား ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း ဒေသဆိုင်ရာ ရုပ်သံလိုင်းများ က ထုတ်လွှင့် ခဲ့သည်။

အဆိုပါ သံသယရှိသူ အမျိုးသားသည် သေနတ် ကိုင်ဆောင်လျက် အိမ်ဖြူတော် အနီးရှိ လုံခြုံရေး ဂိတ်သို့ ချဉ်းကပ်လာပြီး သေနတ်ဖြင့် ချိန်ရွယ်ခြင်း ပြုခဲ့ကြောင်းနှင့် လုံခြုံရေး ဝန်ထမ်းများက လက်နက်ချရန် အမိန့်ပေးခဲ့သော်လည်း လိုက်နာခြင်း မရှိသည့်အတွက် ၎င်းအား သေနတ်ဖြင့် ပစ်ခတ်တားဆီးရာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့်ဆောင်ပေးထားကြောင်း NBC သတင်းဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ပစ်ခတ်မှုသည် ဒေသစံတော်ချိန် နေ့လည် ၃ နာရီတွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် အိမ်ဖြူတော်အား ချက်ချင်း ပိတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့သို့ ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် သမ္မတ ဘားရတ် အိုဘားမားသည် အိမ်ဖြူတော်၌ ရှိမနေဘဲ မယ်ရီလန်းရှိ အန်ဒရူး လေတပ်စခန်း တွင် ဂေါက်ရိုက်နေခြင်း ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117