Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် တို့ ဗီယက်နမ် နိုင်ငံ တွင် တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့က မတ်လ ၃၁ ရက် တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့က မတ်လ ၃၁ ရက် တွင် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံ အောင်မြင်စွာ ကျင်းပ ပြီးနောက်တွင် ပထမဦးဆုံး ပြည်ပ ခရီးစဉ် အား လာအို နိုင်ငံ သို့ သွားရောက် လည်ပတ်ခဲ့ခြင်း သည် တရုတ် နိုင်ငံ ၏ လာအိုအကြား ဆက်ဆံရေး ကို လွန်စွာ အလေးထားကြောင်း ပေါ်လွင်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ နှင့် နှစ်ပါတီ ခေါင်းဆောင် တို့က တရုတ်-လာအို ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး နှင့် ပတ်သက်၍ အရေးပါသည့် သဘောတူညီမှု များရရှိထားသည့် အတွက် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းညွှန် ဖြစ်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ အကြား ကူးလူးဆက်ဆံမှု ကို ကောင်းမွန်စွာ စီစဉ်ရမည်ဖြစ်ပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်ကာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး ကို အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ တရုတ်-လာအို ရထားလမ်း သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ၏ ဦးဆောင်စီမံကိန်း တစ်ခု ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ တရုတ် နိုင်ငံ နှင့် အိမ်နီးချင်း နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်ရာ စီမံကိန်း လည်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် လာအို နိုင်ငံ တို့သည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု ၏ ပူတွဲး ဥက္ကဋ္ဌ များဖြစ်ကြပြီး တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် အတူတကွ စီစဉ်ဆောင်ရွက်မှုများကို တိုးမြှင့်သွားပြီး ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုကြီးမားသည့် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ၊ လာအို နိုင်ငံ မှာ အာဆီယံ တွင် အရေးပါသည့် အဖွဲ့ဝင် နိုင်ငံ ဖြစ်သောကြောင့် တရုတ်-အာဆီယံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး တွင် အရေးပါသည့် သက်ရောက်မှု ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

Thongloun Sisoulith က လာအို-တရုတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး သည် အဆက်မပြတ် တိုးတက်မှုများ ရရှိနိုင်မည် ကို ယုံကြည်ကြောင်း ၊ ယခင် နှစ်မှစတင်၍ နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးပါသည့် အောင်မြင်မှုများ ရရှိခဲ့ပြီး အထူးသဖြင့် နှစ်နိုင်ငံ ရထားလမ်း တည်ဆောက်ရေး မှာ လွန်စွာချောမွေ့စွာ တိုးတက်မှုများ ရရှိနေကာ ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး မှ လာအို နိုင်ငံ ပြည်သူလူထု တို့အား လက်တွေ့ အကျိုးကျေးဇူးများ ရရှိစေ ခဲ့ကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အနီးကပ်ဆက်ဆံရေး ထားရှိကာ အဆင်မြင့် အရာရှိ ကူးလူးဆက်ဆံမှုကို ဆောင်ရွက်ကာ နှစ်နိုင်ငံ လက်တွေ့အပြန်အလှန် ချိတ်ဆက်မှု ကို တွန်းအားပေး ဆောင်ရွက် သွားလိုကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု တွင် ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခြင်း အပေါ် လွန်စွာ ဝမ်းမြောက်ပြီး တရုတ် နိုင်ငံ နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှု ပိုမိုရရှိရန် နှင့် အာဆီယံ-တရုတ် ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)