Connect with us

Politics, Law & Military

တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ အရေးကြီး ကိစ္စရပ်များ အားလုံး နီးပါးတွင် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်း ပြောကြား

အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချွေထျန်းခိုင် (Cui Tiankai) အား (၆) ကြိမ်မြောက် တရုတ်-အမေရိကန် အန္တရာယ် ကာကွယ် တာဆီးရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ သို့ တက်ရောက် ခဲ့စဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချွေထျန်းခိုင် (Cui Tiankai) မှ အမေရိကန် ဂျာနယ် တစ်ခု၏ အင်တာနက် ဝက်ဘ်ဆိုဒ်တွင် ဖေါ်ပြ ခဲ့သော ဆောင်းပါးတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ အကြား သဘောထား ကွဲလွဲ နေသော ကိစ္စရပ် အချို့သည် မီဒီယာ ကဏ္ဍ၏ မျက်နာဖုံး သတင်း စာမျက်နာများတွင် နေရာယူလေ့ ရှိသော်လည်း နှစ်နိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ အရေးကြီး ကိစ္စရပ်များ အားလုံနီးပါးတွင် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်း ပြောကြား ခဲ့သည်။

ဆောင်းပါး အတွင်းတွင် ယခုနှစ် ဇူလိုင်လ ပိုင်းတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ်မှ နည်းပညာပိုင်း ဆိုင်ရာ သဘော တူညီချက် ဆွေးနွေးမှုတွင် ထူခြားသည့် ရလဒ်များ ရရှိခဲ့ခြင်း ၊ အီရန် နျူကလီးယား ကိစ္စရပ် တွင်လည်း ဘက်စုံ သဘောတူညီမှု ရရှိခဲ့ခြင်း စသည့် ကိစ္စရပ်များသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မှုများကို ပေါ်လွင် စေပြီး နှစ်နိုင်ငံ၏ တူညီသော ရည်ရွယ်ချက် အတွက် မတူညီသော ပုံစံဖြင့် လုပ်ကိုင် ဆောင်ရွက်ပြီး အကျိုးတူ အောင်မြင်မှု ရလာဒ် များကို ရရှိစေခဲ့ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ဆောင်းပါးတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဓိက အရေးပါသည့် ကုန်သွယ်မှု နိုင်ငံ ကြီးများ ဖြစ်ပြီး အပြန်အလှန် ဒုတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံများ ဖြစ်ကြကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်း များကို မည်သည့် နိုင်ငံကမှ ဦးဆောင် သတ်မှတ်ရန် မဟုတ်ဘဲ နှစ်နိုင်ငံ အနေဖြင့် အတူတကွ ဖွံ့ဖြိုးရေး ၊ ပွင့်လင်းမြင်သာမှု ရှိရေး နှင့် ကုန်သွယ်ရေး အကျိုးရလဒ် များအတွက် စည်းမျဉ်းစည်းကမ်း များကို အတူတကွ တွန်းအားပေး ဆောင်ရွက်ရန် ဖြစ်ကြောင်းလည်း ပါဝင်ခဲ့သည်။

သံအမတ်ကြီး ချွေထျန်းခိုင်မှ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ သည် ဒုတိယ ကမ္ဘာစစ် အား အတူတကွ ပူးပေါင်း တိုက်ပွဲဝင် ခဲ့၍ ခိုင်မာသည့် ချစ်ကြည်ရေး တည်ဆောက်နိုင်ခဲ့ကြောင်း ၊ အချိန်ကာလ၏ ပြောင်းလဲမှု သော်လည်း နှစ်နိုင်ငံ အနေဖြင့် လူသားတစ်ရပ်လုံး တိုးတက်ရေး ဆိုင်ရာ အရေးကြီး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မှာလျော့ကျ လာခဲ့ခြင်း မရှိခဲ့ကြောင်း ၊ ၂၁ ရာစု တွင် ဤ ပူးပေါင်းဆောင်ရွက်မှု သည် ပိုမို အရေးပါလာပြီး ပိုမို အရေးကြီးလာသည်မှာ ပေါ်လွင် စေခဲ့ကြောင်း ၊ ယခု နှစ် စက်တင်ဘာ လတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန် လည်းပတ်ရေး ခရီးစဉ်မှ နှစ်နိုင်ငံ အတွက် နိုင်ငံကြီး နှစ်နိုင်ငံ ဆက်ဆံရေး မူဘောင် အသစ်တစ်ရပ် ဖြစ်ပေါ်လာရန် မျှော်လင့်သည် ဟု ပြောကြား ခဲ့သည်။ (Xinhua)