Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း တွေ့ဆုံ ၊ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် ဆွေးနွေး 

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်းတို့ ၂၀၁၉ ခုနှစ် ဇွန် ၂၇ ရက်က ဂျပန်နိုင်ငံ၌ တွေ့ဆုံခဲ့စဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း နှင့် ယနေ့ ဒီဇင်ဘာ ၂၃ ရက်တွင် ပေကျင်းမြို့ရှိ မဟာပြည်သူ့ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် သမ္မတ ရှီက တရုတ် နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို တိုးတက်အောင်နှင့် ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သင့်ကြောင်း ၊ နှစ်ဘက် အဓိက စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များ နှင့် အရေးကြီးသော အကျိုးစီးပွား ကိစ္စရပ်များတွင် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ပံ့ပိုး ဆောင်ရွက်ပေးသွားသင့်ကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အမြင့်ဆုံး အဆင့် တစ်ရပ်သို့ မြှင့်တင်သွားသင့်ကြောင်း ပြောကြား ခဲ့သည်။တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်းသည် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ချန်တူးမြို့၌ ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် ၈ ကြိမ်မြောက် တရုတ် – ဂျပန် – တောင်ကိုရီးယား ခေါင်းဆောင်များ၏ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.