Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အနေဖြင့် ဥရောပ နိုင်ငံများ နှင့် အတူတကွ ရပ်တည်သွားပြီး ကမ္ဘာ့လူသား ကျန်းမာရေး အတွက် ထိန်းသိမ်းပေးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် က မတ်လ ၁၈ ရက် ညပိုင်း အချိန်တွင် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ ၌ တရုတ် နိုင်ငံ အနေဖြင့် ဥရောပ နိုင်ငံများ နှင့် အတူတကွ ရပ်တည်သွားပြီး ကမ္ဘာ့လူသား ကျန်းမာရေး အတွက် အတူတကွ ထိန်းသိမ်းပေးမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ် နိုင်ငံ ၌ ကပ်ရောဂါ နှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် အီးယူ အဖွဲ့အစည်း က အားပေးထောက်ခံမှုများ ပြုလုပ်ပေးခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများကိုလည်းပေးအပ်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဥရောပ နိုင်ငံများ ၌ ကပ်ရောဂါ စတင်ပျံ့နှံ့ လာခဲ့သဖြင့် တရုတ် နိုင်ငံ မှ ထပ်တူမျှဝေ ခံစားရပြီး ဥရောပ နိုင်ငံ များ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများ ကို ထောက်ခံအားပေးကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ အီးယူ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း နိုင်ငံအတွင်းရှိ တရုတ် နိုင်ငံသားများ နှင့် တရုတ် နိုင်ငံ မှ ပညာတော်သင် ကျောင်းသား များ လုံခြုံရေး နှင့် နေ့စဉ်သွားလာလှုပ်ရှားမှု အဆင်ပြေချောမွေ့ရေး အပေါ် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က တရုတ် နိုင်ငံ အနေဖြင့် ဥရောပ နိုင်ငံများ နှင့် ဆက်ဆံရေး အား လွန်စွာ အလေးထား ပြီး တရုတ်-ဥရောပ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု ကို ထိန်းသိမ်း သွာလိုကြောင်း ၊ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း အောင်မြင်ပြီးနောက် တွင် တရုတ်-ဥရောပ ချစ်ကြည်ရေး က ပိုမိုနက်ရှိုင်းလာမည် ဖြစ်ပြီး တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု သည်လည်း ရှေ့သို့ ပိုမို တက်လှမ်းနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဥရောပ နိုင်ငံများ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှုများ အပေါ် ကျေးဇူးတင်လိုကြောင်း ၊ လက်ရှိချိန် တွင် ဥရောပ နိုင်ငံများ ၌ ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ အရေးပေါ် လိုအပ် နေသဖြင့် တရုတ် နိုင်ငံ မှ ဆက်လက်၍ ကူညီထောက်ပံ့ပေးသွားလိုကြောင်း ၊ ဥရောပ-တရုတ် အတူတကွ ကပ်ရောဂါ တိုက်ဖျက်ရေး အား ဆောင်ရွက်ခြင်းသည် တရုတ်-ဥရောပ ၏ ကောင်းမွန်သည့် ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း ၊ ဥရောပ နိုင်ငံများ အနေဖြင့် တရုတ် နိုင်ငံ ကောင်းမွန်သည့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ကို ထိန်းသိမ်းသွားလိုပြီး ကုန်သွယ်မှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ၊ ဥရောပ နိုင်ငံများ အနေဖြင့် ဥရောပ ရှိ တရုတ် နိုင်ငံသား များ နှင့် ပညာတော် ကျောင်းသား များအတွက် လိုအပ်သည့် အာမခံချက် များကို ထောက်ပံ့ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)