Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု မှ အမေရိကန် နိုင်ငံ အကျိုးကျေးဇူး ရရှိမည် ဖြစ်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြောကြား

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း Daniel Russel အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Daniel Russel က ဆင်ဟွာ သတင်းဌာန ၏ သီးသန့် တွေ့ဆုံမေးမြန်းမှု ကို ဖြေကြား ခဲ့ရာတွင် တရုတ် နိုင်ငံ ၏ အာရှ-ပစိဖိတ် ဒေသရှိ သြဇာ သက်ရောက်မှု သည် တက်ကြွစွာ ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး အမေရိကန် နိုင်ငံ နှင့် အာရှ-ပစိဖိတ် ဒေသ ရှိ နိုင်ငံ များအနေဖြင့် တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု မှ အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Daniel Russel က တရုတ် နိုင်ငံ သည် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် စွမ်းရည် နှင့် သြဇာ သက်ရောက်မှု ပိုမို တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ သည် အခြား နိုင်ငံများ အပေါ် ပိုမို လေ့လာပြီး ကူးလူး ဆက်ဆံမှု ထားရှိခြင်း သည်လည်း အဆက်မပြတ် တိုးချဲ့ လာခဲ့ကြောင်း ၊ လက်ရှိချိန်တွင် အမေရိကန်-တရုတ် ဆက်ဆံရေး သည် အပြောင်းအလဲ ကာလ သို့ရောက်ရှိနေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွန်စွာ လိုအပ်ပြီး အရေးပါကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Daniel Russel က နှစ်နိုင်ငံအကြား အရေးကြီးသည့် ကိစ္စရပ်များ ဖြေရှင်းရန် များစွာ တည်ရှိနေပြီး ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တက်ကြွစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ သဘောထား ကွဲလွှဲမှုများကို ပွင့်လင်းစွာ နှင့် အပြုသဘောဆောင်စွာ ထိန်းချုပ်ဖြေရှင်းသွားပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ၏ အကျိုးစီးပွား အတွက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မှသာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ ကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.