Connect with us

Politics, Law & Military

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ပနိုင်ငံ ခေါင်းဆောင် ၃၀ ကျော် ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယ ကမ္ဘာစစ် နှစ် ၇၀ ပြည့် အောင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်

တရုတ် နိုင်ငံ ဂျပန်ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် တံဆိပ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာလ ၃ ရက်နေ့ တွင် ကျင်းပမည့် တရုတ် နိုင်ငံ ဂျပန်ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ပနိုင်ငံ ခေါင်းဆောင် ၃၀ ကျော် တက်ရောက် ကြမည် ဖြစ်ကြောင်း ယနေ့ တရုတ်နိုင်ငံ အခမ်းအနား ကျင်းပရေး ကော်မတီမှ တရားဝင် ထုတ်ပြန် လိုက်သည်။

နိုင်ငံပေါင်း ၄၉ နိုင်ငံ မှ တရုတ် နိုင်ငံတွင် ကျင်းပမည့် တော်လှန်ရေး စစ်ပွဲ အောင်မြင်ခြင်း အခမ်းအနားကို တက်ရောက်ကြမည် ဖြစ်ကြောင်း လက်ရှိချိန်တွင် အတည်ပြုနိုင်ခဲ့ပြီး ထိုအတွင်းမှ နိုင်ငံ ခေါင်းဆောင် ၃၀ ဦး ၊ အစိုးရ ထိပ်တန်း ကိုယ်စားလှယ် ၁၉ ဦး ၊ နိုင်ငံတကာနှင့် ဒေသတွင်း ဆိုင်ရာ အဖွဲ့အစည်း တာဝန် ရှိသူ ၁၀ ဦး တို့ ပါဝင် ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအတွက် လေ့ကျင့်နေစဉ် (ဆင်ဟွာ)

ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအတွက် လေ့ကျင့်နေစဉ် (ဆင်ဟွာ)

အခမ်းအနားသို့ တက်ရောက်ကြမည့် နိုင်ငံခေါင်းဆောင် များတွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် ၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး ၊ လာအို နိုင်ငံ သမ္မတ Choummaly Sayasone ၊ ဗီယမ်နမ် နိုင်ငံ သမ္မတ Truong Tan Sang ၊ တောင်အာဖရိက သမ္မတ Jacob Zuma ၊ ပါကစ္စတန် နိုင်ငံ သမ္မတ Mamnoon Hussain ၊ အီဂျစ် သမ္မတ Abdel Fattah el-Sisi စသည်တို့ ပါဝင် ကြမည်ဖြစ်ပြီး အစိုးရ ကိုယ်စားလှယ် များအနေဖြင့် သြစတြေးလျ ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဟန်ဂေရီ ၊ အိန္ဒိယ ၊ အီတလီ ၊ မလေးရှား ၊ ဟော်လန် ၊ စင်ကာပူ နှင့် ဗြိတိန် စသည့် နိုင်ငံတို့မှ ပါဝင်ကြောင်း သိရှိရသည်။ ထို့ပြင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း ဆိုင်ရာ အဖွဲ့အစည်း တာဝန် ရှိသူ များမှလည်း တက်ရောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ ဂျပန်ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စစ်ရေးပြ တပ်ဖွဲ့များ စေလွှတ်ကာ ပါဝင် ပြသမည် ဖြစ်ကြောင်းလည်း ထုတ်ပြန် ခဲ့ပါသည်။

ယခု ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားတွင် စစ်သည် ၁၂,၀၀၀ ပါဝင်မည် ဖြစ်ပြီး စစ်လက်နက် အမျိုးအစား ၄၀ ကျော်ဖြင့် စစ်လက်နက်ပေါင်း ၅၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး လေယာဉ် အမျိုးအစား ၂၀ ကျော်ဖြင့် လေယာဉ် ပေါင်း အစင်း ၂၀၀ ကျော် ပါဝင်မည် ဖြစ်သည်။ တော်လှန်ရေး စစ်ပွဲအောင်မြင်ခြင်း စစ်ရေးပြ အခမ်းအနားတွင် စစ်ရေးပြ တပ်ဖွဲ့ ၅၀ စီစဉ်ထားပြီး ခြေလျင် တပ်ဖွဲ့ ၁၁ ဖွဲ့၊ ဂျပန် တော်လှန်ရေး စစ်မှုထမ်းဟောင်း များမှ ကားဖြင့် စီးနင်း၍ တပ်ဖွဲ့ ၂ ဖွဲ့ ၊ စစ်လက်နက် တပ်ဖွဲ့ ၂၇ ဖွဲ့ နှင့် လေကြောင်း တပ်ဖွဲ့ ၁၀ ဖွဲ့ ပါဝင် မည်ဖြစ်သည်။

ယခု ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားတွင် တွေ့ရှိရမည့် စစ်လက်နက် များသည် အများစုမှာ တရုတ် နိုင်ငံ ပြည်တွင်းမှ ထုတ်လုပ်သည့် စစ်လက်နက်များ ဖြစ်ကြပြီး ၎င်းတို့ အတွင်းမှ ၈၄ ရာခိုင်နှုန်းသည် ပထမ အကြိမ် ထုတ်ဖေါ် ပြသမည့် စစ်လက်နက်များ ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)