Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အင်ဒိုနီးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အင်ဒိုနီးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များအဖြစ် သွားရောက်ရန်နှင့် ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် သတ္တမအကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ယနေ့ (မေလ ၆ ရက်) ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

လီသည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို (Joko Widdo) နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) တို့၏ ဖိတ်ကြားချက်များဖြင့် သွားရောက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် လီနှင့်အတူ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး Xiao Jie ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် တာဝန်ခံဝန်ကြီး He Lifeng တို့လည်း လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)