Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC) စီးပွားရေး ထိပ်တန်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲတွင် အမှာစကားပြောကြား

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC) စီးပွားရေး ထိပ်တန်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲတွင် အမှာစကားပြောကြားနေသည်ကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (Xinhua/Li Xueren)

ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စီးပွားရေး ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ(APEC CEO Dialogues)သို့ နိုဝင်ဘာ ၁၉ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

“ဖွံ့ဖြိုးတိုးတက်ရေးပုံစံသစ်ကို တည်ဆောက်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့်ဘုံအကျိုးစီးပွားကို အကောင်အထည်ဖော်ဆောင်ရွက်မည်”ဟူသော ခေါင်းစဉ်ဖြင့် သမ္မတရှီက အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိကမ္ဘာကြီးသည် သူရယ်ကိုယ်ရယ်ခွဲခြားမရသော ကံကြမ္မာတူ၊အကျိုးတူ အသိုက်အဝန်းဖြစ်ရာ ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထလာအောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးပုံစံသစ်ကို တက်ကြွစွာ တည်ဆောက်သွားမည်ဖြစ်ပြီး တံခါးဖွင့်ဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ အပြန်အလှည်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွားကို အကောင်အထည်ဖော်၍ အာရှ-ပစိဖိတ်နှင့်ကမ္ဘာ၏ ပိုမိုလှပသော အနာဂတ်ကို အတူဖန်တီးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုဗစ် ကပ်ရောဂါသည် လူသားမျိုးနွယ်တို့၏ကံကြမ္မာသည် ကောင်းဆိုးအတူဒွန်တွဲလျက်ရှိကြောင်း၊ နိုင်ငံအသီးသီး၏ အကျိုးစီးပွားသည် နီးကပ်သည့်အပြန်အလှန်ဆက်နွယ်မှုများ ရှိကြောင်း ၊ ကမ္ဘာကြီးသည် ခွဲ၍မရသော ကံကြမ္မာတူ၊အကျိုးတူအသိုက်အဝန်းဖြစ်ကြောင်းကို နောက်ထပ် ထင်ဟပ်ပြသခဲ့သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆိုသည်။

နိုင်ငံအသီးသီးအနေဖြင့် တစ်လှေတည်းစီးတစ်ခရီးတည်းသွား အပြန်အလှန်ဖေးမကူညီခြင်း၊ မိတ်ဆွေသင်္ဂဟ စိတ်ဓါတ်ဖြင့် နီးကပ်သည့် မူဝါဒ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံ နက်ရှိုင်းစွာဆောင်ရွက်၍ တံခါဖွင့်ပွင့်လင်းသည့် ကမ္ဘာစီးပွားရေးကို တည်ဆောက်ကာ ကပ်ရောဂါတိုက်ပွဲ လျင်မြန်စွာ အောင်နိုင်ရေးနှင့် ကမ္ဘာ့စီးပွားရေးအင်အား တောင့်တင်းစေရန်၊ ရေရှည်တည်ငြိမ်၍ အများပါဝင်မှုရှိသည့်တိုးတက်မှုများရရှိအောင် ကြိုပမ်း အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ရေရှည်အလားအလာကောင်းပြီး အခြေခံအားဖြင့် ပြောင်းလဲမည် မဟုတ်ကြောင်း ၊ မိမိတို့အနေဖြင့် သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်ရေးကာလ အပိုင်းအခြားသစ်တွင် တိုးတက်ဖွံ့ဖြိုးရေးရေးအယူအဆသစ်ဖြင့် ပုံစံသစ်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သမ္မတရှီက အလေးထားပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ပြည်တွင်းဝယ်လိုအားကို တိုးချဲ့သည့် မဟာဗျူဟာကို အခြေပြု၍ စီးပွားရေးလည်ပတ်စီးဆင်းမှု ချောမွေ့အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ တီထွင်ဖန်တီးမှုကို အင်တိုက်အားတိုက် တွန်းအားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စွမ်းအင်သစ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးများကို ဆက်လက် ထဲထဲဝင်ဝင်လုပ်ဆောင်သွားကာ ဈေးကွက် သွက်လက်မှုရှိစေရန် လှုံ့ဆော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာစနစ်တွင် နက်ရှိုင်းသည့် ပေါင်းစည်းမှုများသည် နဂိုအစောပိုင်း ကတည်က တည်ရှိခဲ့ကြောင်း၊ မိမိတို့ တည်ဆောက်သည့် ဖွံဖြိုးတိုးတက်ရေး ပုံစံသစ်သည် တံခါးပိတ် ပြည်တွင်းလည်ပတ်ရေးအတွက်သာမဟုတ်ဘဲ တံခါဖွင့်၍ အပြန်အလှန်တိုးတက်မှုအတွက် တွန်းအားဖြစ်မည့် ပြည်တွင်းပြည်ပလည်ပတ်ရေးစနစ်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

ဖွံဖြိုးတိုးတက်ရေး ပုံစံသစ်တွင် တရုတ်နိုင်ငံ၏ ဈေးကွက်အလားအလာကို အပြည့်အဝ နှိုးဆွပေးမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမိုများပြားသည့် ဈေးကွက်ဝယ်လိုအားများကို ဖန်တီးပေးမည်ဖြစ်ကြောင်း ၊ အခွန်နှုန်းထားနှင့် Institutional costများကို ထပ်မံတစ်ဆင့်လျှော့ချပေးမည်ဖြစ်ပြီး သွင်းကုန် ကုန်သွယ်မှုမြှင့်တင်ရေး သရုပ်ပြဇုန်များကို ထားရှိကာ နိုင်ငံအသီးသီး၏အရည်အသွေးမြင့်ကုန်ပစ္စည်းဝန်ဆောင်မှုများ တင်သွင်းနိုင်မှုကို တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။

ဖွံဖြိုးတိုးတက်ရေး ပုံစံသစ်တွင် တရုတ်နိုင်ငံ၏တံခါးသည် ပို၍တစ်ဆင့်တိုး ကျယ်ပြန့်စွာဖွင့်လှစ်သွားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို အတူမျှဝေသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု လွတ်လပ်လွယ်ကူ အဆင်ပြေချောမွေ့နိုင်ရေးကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ တရားဝင်အခွင့်အလမ်းများကိုလည်း ဥပဒေအရ ကာကွယ်ပေးသွားမည်ဖြစ်ပြီး ပြည်ပတံခါးဖွင့် ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံ ကုန်သွယ်ရေးနစ်ကို ဆက်လက်ခိုင်မာစွာ လက်ကိုင်ထား၍ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံမှုစနစ်၏ ပြုပြင်ပြောင်းလဲရေးများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖွံဖြိုးတိုးတက်ရေး ပုံစံသစ်တွင် တရုတ်နိုင်ငံသည် ပြည်ပပူးပေါင်းဆောင်ရွက်မှုများကို မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်သွားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွားကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက်၊ ကုန်ပစ္စည်းပံ့ပိုးမှုကွင်းဆက် ၊ တန်ဖိုးကွင်းဆက်များတွင် နိုင်ငံတကာလုပ်ငန်းတာဝန်ကို ပို၍ထိရောက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုသော နိုင်ငံ၊ဒေသ၊ လုပ်ငန်းမှန်သမျှကို မိမိတို့အနေဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဘက်ပေါင်းစုံ ဝါဒ နှင့် အတူညှိနှိုင်း၊အတူတည်ဆောက်၊အတူမျှဝေသည့်မူများကို ဆက်လက် လက်ကိုင်ထား၍ ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် လက်တွဲအတူ တည်ဆောက်ရေးကို တွန်အားပေးပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်သည် မိမိတို့၏ တူညီသည့် မိသားစုဥယျာဉ်ကြီး ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က မိမိအနေဖြင့် တံခါးဖွင့်လက်ခံခြင်း၊ ဆန်းသစ်ဖန်တီးမှုကို တိုးမြှင်ခြင်း၊ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှုရှိခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဘုံအကျိုးစီးပွားကို ဖော်ဆောင်ခြင်းဟူသော အာရှ-ပစိဖိတ် ကံကြမ္မာတူအကျိုးတူ အသိုက်အဝိုင်းကို တည်ဆောက်ရန် အဆိုပြုခဲ့ကြောင်း၊ အေးတူပူအမျှအသိုက်အဝန်းကို ပို၍ နက်ရှိုင်းစေရန် ဒေသတွင်း စီးပွားရေး တစ်သားတည်းဖြစ်အောင် ဆက်လက် တွန်းအားပေးဆောင်ရွက်၍ အနာဂတ်မျှော်မှန်းချက်ကို တစ်လှမ်းချင်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကာ အာရှ-ပစိဖိတ်ဒေသ ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါကို နောက်ဆုံးတွင် ကျော်လွှား၍ အောင်မြင်မှုကို မလွှဲမသွေ ဆွတ်ခူးနိုင်မည်ဖြစ်ရာ မိမိတို့အနေဖြင့် လက်ချင်းချိတ်ဆက်၍ အပြန်အလှန်ဖေးမကူညီပြီး မိုးဒဏ်လေဒဏ်အခက်အခဲများကို အတူကျော်ဖြတ်ကြရန်၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုနှင် ပြည်တွင်းပြည်ပ အဆင်ပြေချောမွေ့လည်ပတ်စီးဆင်မှုများရှိအောင် ဆောင်ရွက်ကာ အာရှ-ပစိဖိတ်နှင့် ကမ္ဘာ၏ ပိုမိုလှပသောအနာဂတ်ကို အတူဖန်တီးအတူမျှဝေကြရန် သမ္မတရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)