Connect with us

Politics, Law & Military

လာအို နိုင်ငံ ဝန်ကြီးချုပ် နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တွေ့ဆုံစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့ က ဖေဖော်ဝါရီ ၂၁ ရက် တွင် လာအို နိုင်ငံ ဗီယင်ကျန်း မြို့ ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့သည်။တွေ့ဆုံဆွေးနွေးစဉ် လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith က မိမိ အနေဖြင့် ယခင်လ က တရုတ် နိုင်ငံ သို့ အောင်မြင်စွာ သွားရောက် လည်ပတ်နိုင်ခဲ့သည့် အတွက် လွန်စွာဝမ်းမြောက် ပြီး လည်ပတ်ရေး ခရီးစဉ် အတွင်း တရုတ် နိုင်ငံ ခေါင်းဆောင်များ နှင့် အောင်မြင်မှုများစွာ ရရှိသော တွေ့ဆုံဆွေးနွေးမှုများ ကို ပြုလုပ်နိုင်ခဲ့ကာ တရုတ် နိုင်ငံ ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆောင်ရွက်မှု တွင် ရရှိခဲ့သော အောင်မြင်မှု အတွေ့အကြုံများအား လေ့လာ နိုင်ခဲ့ကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ကြိုးပမ်း၍ နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေသည့် အခြေအနေ အား ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် လာအို နိုင်ငံ ဝန်ကြီးချုပ် က တရုတ် နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် အဓိက ကျသည့် အချိန် ၌ လာအို နိုင်ငံ သို့ လာရောက်လည်ပတ်ခြင်း သည် လွန်စွာ အဓိပ္ပါယ် လေးနက်ကြောင်း ၊ ဖေဖော်ဝါရီ ၂၀ ရက် တွင် လာအို နိုင်ငံ ၌ ကျင်းပ ပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံ COVID-19 ရောဂါ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တို့ က လွန်စွာ အောင်မြင်ခဲ့ပြီး အာဆီယံ နှင့် တရုတ် နိုင်ငံ တို့ က အတူတကွ လက်တွဲကာ ပူးပေါင်းဆောင်ရွက်၍ အခက်အခဲ များအား ကျော်လွှားသွားမည့် ဆုံးဖြတ်ချက်အား ပေါ်လွင်စေခဲ့ကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဆောင်ရွက်ခဲ့သည့် ကြီးမားသော ကြိုးပမ်းအား ထုတ်မှုများ အပေါ် မြင့်မားစွာ ချီးကျူးလိုကြောင်း ၊ သမိုင်းကြောင်းတစ်လျှောက် တွင် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ က အခက်အခဲများစွာ အား ကျော်ဖြတ် နိုင်ခဲ့ပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နိုင်ခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှု အောက်တွင် တရုတ် နိုင်ငံ ပြည်သူလူထု တို့ ၏ အခက်အခဲများကြား က ကြိုးပမ်းအားထုတ်မှု နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ် နိုင်ငံ က ကပ်ရောဂါ တိုက်ဖျက်ရေး စစ်ပွဲ တွင် အမြန်ဆုံး အနိုင်ရရှိမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် စီးပွားရေး အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက်မှု ကို ထိန်းသိမ်းသွားပြီး တရုတ် နိုင်ငံ ၏ ပထမ ရာစုနှစ် ရည်မှန်းချက် အား သတ်မှတ်ချိန် အတိုင်း အကောင်အထည် ဖော်နိုင်မည် ကို ယုံကြည်ကြောင်း ၊ ယခု အကြိမ်ဖြစ်ပွား ခဲ့သည့် ကပ်ရောဂါကြောင့် ရရှိခဲ့သည့် အတွေ့အကြုံဖြင့် တရုတ် နိုင်ငံ က အင်အား ပိုမို တောင့်တင်း လာမည် ဖြစ်ပြီး ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို အရေးပါ ခိုင်မာ သည့် အထောက်အကူ ပြု နိုင်ငံ ဖြစ်လာမည် ကို ယုံကြည်ကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် အစဉ်အမြဲ တရုတ် နိုင်ငံ နှင့် အတူတကွ ရပ်တည်ခဲ့ပြီး တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ် တွင် အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးသွားလိုကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် ယခုချိန် တွင် တစ်နိုင်ငံလုံး ရှိ လှူဒါန်းငွေ များအား စုစည်းပေးနေပြီး ပမာဏ တစ်ခုသာ ရှိသော်လည်း လာအို နိုင်ငံ ၏ တရုတ် နိုင်ငံ ညီအစ်ကိုအပေါ် စစ်မှန်သော စေသနာ ဖြစ်ကြောင်း ၊ မိမိ အနေဖြင့်လည်း တရုတ် နိုင်ငံ ရှိ လာအို နိုင်ငံသားများအား တရုတ် နိုင်ငံ အစိုးရ အပေါ် အပြည့်အဝ ယုံကြည်ရန် နှင့် ယခုလိုချိန်တွင် တရုတ် နိုင်ငံ ညီအစ်ကို တို့နှင့် ပိုမို အတူတကွ အခက်အခဲ ကို ဖြတ်သန်းရမည် ဟု ပြောကြား ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ ၏ လာအို နိုင်ငံသား များအား ကူညီစောင့်ရှောက်မှု အပေါ် ကျေးဇူးတင်လိုပြီး ၎င်း တို့ အနေဖြင့် တရုတ် နိုင်ငံ တွင် ကောင်းမွန်စွာ နေထိုင်နေပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က လာအို နိုင်ငံ ဝန်ကြီးချုပ် ၏ ယခင်လ တွင် လာရောက် ခဲ့သည့် တရုတ် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် က လွန်စွာ အောင်မြင်ပြီး တရုတ်-လာအို နှစ်ပါတီ နှင့် နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား အပြန်အလှန် ယုံကြည်မှု ကို မြှင့်တင်ပေး နိုင်ခဲ့ကာ နှစ်နိုင်ငံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် အတွက် အရေးပါသည့် သဘောတူညီချက်များကိုလည်း ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် လာအို နိုင်ငံ က အချိန်နှင့်တစ်ပြေးညီ တရုတ် နိုင်ငံ အား ယုံကြည်ကြောင်း နှင့် ထောက်ခံကြောင်း ပြောကြား ခဲ့သည့် အပြင် အစည်းအဝေး နှစ်ရပ် အား တာဝန်ယူ ကျင်းပ ပြုလုပ်ပေးခြင်း က တရုတ်-လာအို နှစ်နိုင်ငံ ၏ ဖျက်ဆီး၍ မရနိုင်သော ညီအကို သံယောဇဉ် အား အပြည့်အဝ ဖော်ပြနိုင်ခဲ့ကြောင်း ၊ လာအို နိုင်ငံ သည် လက်တွေ့ ဆောင်ရွက်မှု ဖြင့် တရုတ်-လာအို ကံကြမ္မာအကျိုးတူ အသိုက်အဝန်း ၏ နက်ရှိုင်းသည့် အနှစ်သာရ ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ၊ အစည်းအဝေး တွင်လည်း နိုင်ငံပေါင်း ၁၁ နိုင်ငံ မှ နိုင်ငံခြားရေး ဝန်ကြီး တို့ က အတူတကွ လက်ချင်းချိတ် ကာ ဝူဟန့် နှင့် တရုတ် နိုင်ငံ အား အားပေးခဲ့ကြသဖြင့် တရုတ် နိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံများ က တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အပေါ် အပြည့်အဝ ထောက်ခံသည့် အလွန်ရင်းနှီးသော ညီအစ်ကို သံယောဇဉ် နှင့် ပြည့်ဝ သည့် မေတ္တာတရား တို့ ကို ဖော်ပြ နိုင်ခဲ့ကြောင်း ၊ တရုတ် နှင့် အာဆီယံ တို့က သမိုင်းတစ်လျှောက် အပြန်အလှန် ထောက်ခံ ကူညီ ပြီး အတူတကွ အခက်အခဲ အား ကျော်လွှားသည့် ကောင်းမွန်သည့် အစဉ်အလာ ရှိကြောင်း ၊ ယခု အကြိမ် ကျင်းပ ပြုလုပ်သည့် အစည်းအဝေး မှ တစ်ဆင့် တရုတ် နှင့် အာဆီယံ နိုင်ငံ များ အကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး ဒေသတွင်း အရေးပေါ် ဖြစ်ပွား သည့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းနိုင်သည့် စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနဖြင့် ကပ်ရောဂါ အား အောင်မြင်စွာ တိုက်ဖျက် နိုင်သည့် စွမ်းရည် နှင့် ယုံကြည်မှု ရှိပြီး သတ်မှတ်ချက်ချပြီး သည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ကိုလည်း ကြိုးပမ်း အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ ကပ်ရောဂါ ပြီးဆုံးချိန်တွင် တရုတ် နိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး က ပိုမို စည်းလုံးညီညွတ်လာမည် ဖြစ်ပြီး တရုတ် နိုင်ငံ စီးပွားရေး သည်းလည်း ပိုမို ရေရှည်အားကောင်းလာမည် ဖြစ်ကာ တရုတ် နိုင်ငံ ၏ တမူထူးခြားသည့် ဆိုရှယ်လစ်ဝါဒ စနစ် ၏ အားသားချက် ကိုလည်း ကမ္ဘာ့ နိုင်ငံ အသီးသီး က ပိုမို ထောက်ခံလာမည် ဖြစ်ကြောင်း ၊ လာအို နိုင်ငံသား များ အနေဖြင့် တရုတ် နိုင်ငံ တွင် ဆက်လက်နေထိုင်ရန် ခိုင်မြဲစွာ ဆုံးဖြတ်ပြီး တရုတ် နိုင်ငံ အပေါ် ယုံကြည်ခြင်း အား လာအို နိုင်ငံ အနေဖြင့် စိတ်ချရန် နှင့် တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံသား များအား မိမိ တို့၏ ညီအစ်ကိုမောင်နှမ အဖြစ် သဘောထား၍ ကောင်းမွန်စွာ စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)